အခန်း ၄၈ နတ်ဆိုးဂိုဏ်း

1.2K 187 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၄၈ နတ်ဆိုးဂိုဏ်း 

ခဏအကြာတွင် အောက်ဘက်မှ ပုံရိပ်တစ်ခု ပျံသန်းလာသည်။ 

“အရှင့်သား၊ ကျွန်တော်တို့ စစ်ဆေးပြီးပြီ။  ပတ်ဝန်းကျင်မှာ ဘာခြေရာလက်ရာမှ မရှိပါဘူး။  အရာအားလုံး ပျက်စီးပြီးသွားပြီ။  သဲလွန်စတွေတောင် မကျန်တော့ဘူး။” 

လူငယ်လေးသည် မျက်လုံးများကို အနည်းငယ်မှေးကျင်းကာ သူ၏မျက်နှာတွင် ကူကယ်ရာမဲ့မှုအချို့ကို ပေါ်လွင်နေသည်။ 

“အတိတ်ကို စုံစမ်းနိုင်တဲ့ သဗ္ဗညုတကြေးမုံကတောင် အတိတ်က မြင်ကွင်းကို မပြသနိုင်ဘူး။ ကောင်းကင်ကြီးတောင် ငါ့ကို ဒီကိစ္စကို မဖြေရှင်းစေချင်နေဘူးပဲ။” 

“အရှင့်သား၊ ကျွန်တော့်အမြင်အရတော့ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးခဲ့သူရဲ့ ကျင့်ကြံဆင့်က သာမန်မဟုတ်ဘူး။  အနီးနားက ဂိုဏ်းတွေထဲမှာ အဆင့်အမြင့်ဆုံးက အာကာပြင်ပြိုကွဲခြင်းအဆင့်ပဲ ရှိသေးတာ။  သူတို့ကတော့ ဒီလိုမျိုး လုပ်ဖို့ မဖြစ်နိုင်ဘူး။” 

“ငါလည်း သိတယ်။  ကြီးမြတ်သောကျိုးမှာရှိတဲ့ ဂိုဏ်းတွေအားလုံးက ကျင့်ကြံသူတွေအားလုံးကို နန်းမြို့တော်မှာ စာရင်းပြုစုထားတယ်။  ဒီအတိုင်းအတာထိ ဖြစ်စေနိုင်တဲ့ ကျင့်ကြံသူမျိုး အနီးအနားမှာ တကယ်ကို တစ်ယောက်မှမရှိတာ။  တခြားသောဂိုဏ်းတွေက  အဆင့်မြင့်ကျင့်ကြံသူတွေ ခရီးသွားတယ်ဆိုရင်လဲ သတင်းကြားရလိမ့်မယ်။  မဟုတ်ရင်တော့…သူတို့က အဲဒီနေရာကနေ လာတာ?” 

လက်အောက်ငယ်သားက အနည်းငယ် တုန်လှုပ်သွားပြီး မေးလိုက်သည် "ဒါကို နတ်ဆိုးဂိုဏ်းက လုပ်တယ်လို့ ထင်တာလား?"

ကျီဝူရှန် သူ၏လက်တွေကို နောက်ပစ်ပြီး အရှေ့ဘက်ကို လှမ်းကြည့်သည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now