အခန်း ၃၆ လူမဆန်သောလုပ်ရပ်

1.3K 185 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၆ လူမဆန်သောလုပ်ရပ်

မှောင်မိုက်နေသော ညကောင်းကင်၏အောက်တွင် ကြယ်တံခွန်ကဲ့သို့ အလင်းတန်းတစ်ခုသည် လူအုပ်ထဲသို့ ကျရောက်သွားပြီး တောင်ပေါ်၌ ပေါက်ကွဲကာ တွင်းကြီးတစ်ခု ချက်ချင်းဖြစ်​ပေါ်သည်။ 

လေပြင်းများပြင်းထန်စွာတိုက်ကာ တောင်ကြောများပြိုကျပြီး သဲများ နေရာအနှံ့ လွင့်ပျံလာသည်။ 

တစ်ကြိမ်တိုက်ခိုက်ရုံဖြင့် မရေမတွက်နိုင်သော အရိုးဖြူနတ်ဆိုးဂိုဏ်းတပည့်သား အများအပြား သေဆုံးကုန်သည်။ 

ကျီဝူရှားသည် ​တောင်ကျွမ်းထိုး(တောင်ဖြို)အမှတ်အသားကို လက်ထဲတွင်ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကျင့်စဉ်ကို အမြန်ဆုံးအရှိန်ဖြင့် ဖြန့်ကျက်လိုက်သည်။ 

သူမ၏အောက်ဘက်ရှိ ဇာမဏီပုံရိပ်သည် အတောင်ပံကိုတစ်ဖျတ်ဖျတ် ခတ်ကာ နံ​ဘေးရှိ​လေများကို  ​ရှေ့သို့ တွန်းပို့သည်။ 

ပြင်းထန်သော ပေါက်ကွဲသံများသည် တောင်ပေါ်မှ အဆက်မပြတ် ထွက်ပေါ်​နေပြီး နှလုံးကွဲမတတ်​အော်သံများက အ​နောက်မှကပ်ပါလာသည်။ 

ဒါတင်မကဘဲ ကျီဝူရှားသည် တောင်ကျွမ်းထိုးအမှတ်အသားကို သူမ၏လက်မှ အဆက်မပြတ်ပစ်လွှတ်​နေသည်။ 

သူမတစ်ခါပစ်လွှတ်လိုက်တိုင်း၊ တောင်ဖြိုအမှတ်အသားသည် အရိုးဖြူနတ်ဆိုးဂိုဏ်း၏တပည့်တစ်ဦးကို တိုက်ရိုက်အကွဲအပြဲဖြစ်စေသည်။ 

"အရမ်း​တွေ မာနကြီးမနေနဲ့.. ငါတို့ရဲ့ အရိုးဖြူနတ်ဆိုးဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ဘူးလို့ မင်းတကယ်ထင်နေတာလား?" 

ကျီဝူရှားမှာ ထိုကဲ့သို့ ပျော်ရွှင်စွာ သတ်ဖြတ်နေစဉ် သူမ၏ ဘယ်ဘက်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် စိတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဦးပင်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now