အခန်း ၆၀ အစီအရင်ချပ်ပြား

1.2K 183 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၄

အခန်း ၆၀ အစီအရင်ချပ်ပြား

လုရှောင်ယန်သည် ရှောင်ပိုင်၏ လက်ရှိခွန်အားနှင့် ကျင့်ကြံဆင့်ကို ခွဲခြမ်းစိပ်ဖြာရင်း ခေါင်းငုံ့ကာ လမ်းလျှောက်လာခဲ့သည်။  ခဏအကြာတွင် သူသည် လမ်းသေးသေးလေးတစ်ခုကို ရောက်ရှိနေပြီဖြစ်သည်။ 

"အင်း..." 

သူ မျက်မှောင်ကြုတ်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ 

စင်စစ် ဤလမ်းကြားထဲတွင် အစီအရင်တစ်ခု ရှိ​နေသည်။ 

ထို့အပြင်၊ အစီအရင် ဖွဲ့စည်းမှုနည်းလမ်းများသည်အလွန်​ကောင်းမွန်သည်။ 

တောင်ပင်လယ်အဆင့်အောက်က ဝင်ရောက်လာသူမည်သူမဆိုသည် ၎င်းတို့၏ အာရုံခြောက်ပါးကို ပိတ်​လှောင်ခံရပြီး စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်း၍ရနိုင်မည်မဟုတ်ပေ။ ဤအစီအရင်သည် လွတ်လမ်းမရှိဟု ဆိုနိုင်သည်။ 

သို့သော် ပြဿနာမှာ ဤနေရာတွင် ဤကဲ့သို့သော အစီအရင် ဖွဲ့စည်းမှုကို မည်သူက ဖန်တီးမည်နည်း? 

ဤသည်မှာ လိပ်နက်ဂိုဏ်းဖြစ်သည်ကို သိထားရမည်ဖြစ်သည်။ 

လိပ်နက်ဂိုဏ်း၏နယ်မြေထဲတွင် ထိုသို့သောအမှုကို ပြုလုပ်သည်မှာ  ပြတ်ပြတ်သားသား ​သေလမ်းရှာနေသည်မဟုတ်လော။ 

သူသည် စိတ်ရှုပ်ထွေးစွာ သူ၏စိတ်အာရုံကို ဖြန့်ကျက်လိုက်​သောအခါ ဤနေရာကို စောင့်ကြည့်နေသော အနီးပတ်ဝန်းကျင်ရှိ လူအများအပြားကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ 

"ဒီ အရှိန်အဝါ... အဲဒါ နတ်ဆိုးဂိုဏ်းကလား?" 

လုရှောင်ယန် အနည်းငယ် အံ့သြသွားသည်။ 

နတ်ဆိုးဂိုဏ်းမှလူများသည် သူတို့၏ အရှိန်အဝါကို ကောင်းကောင်း ဖုံးကွယ်ထား​သော်လည်း သူ မမြင်ရ​​အောင်မလုပ်နိုင်ကြ​ပေ။ 

အဘယ်ကြောင့်ဆိုသော် လုရှောင်ယန် ကျင့်ကြံခဲ့​သော ကျင့်ကြံခြင်းနည်းလမ်းအားလုံးသည် သိုင်းဘုရင်အဆင့်ကျင့်စဉ်များဖြစ်သည့်အပြင် ထိုကျင့်စဉ်မျိုးကလည်း တစ်ခုထက်မက​သောကြောင့်ပင်။  သူ၏သိမြင်နားလည်ခြင်းသည် သာမန်အနှစ်သာရခိုင်မြဲခြင့်အဆင့် ကျင့်ကြံသူများထက်သာလွန်သည်။  ဤအခိုက်အတန့်တွင် တစ်ဖက်လူ စကားပြောလိုက်သည်ဟု သူ၏စိတ်အာရုံမှ တွေ့ရှိခဲ့သည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now