အခန်း ၁၀၆ အကြံအစည်

1.1K 163 3
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၀၆ အကြံအစည်

လုရှောင်ယန်သည် သူ၏ ဝန်းကျဉ်းလေးမှ ထွက်လာပြီး ကျီဝူရှား၏ ဝန်းထဲသို့ ရောက်ရှိလာသည်။ သို့သော် ကျီဝူရှားသည် တံခါးပိတ်ကျင့်ကြံနေသည်ဟု သူခံစားနိုင်သည်။

 သူမသည် နောက်တစ်ကြိမ် အဆင့်ဖြတ်ကျော်တော့မည်ပုံပင်။

 ဒီလိုအချိန်မျိုးတွင် သူ ကျီဝူရှားကို နှောင့်ယှက်မည်မဟုတ်ပေ။

 ကျီဝူရှားသာတိုးတက်ခဲ့လျှင် သူ၏ကိုယ်ပိုင် ကျင့်ကြံဆင့်လည်း တိုးတက်လာမှာဖြစ်သည်။

 လုရှောင်ယန်သည် ကျီဝူရှား ထွက်လာသည်အထိ စောင့်ဆိုင်းရန် ပြင်ဆင်နေချိန်၌ အသိအကျွမ်းဟောင်းတစ်ဦးသည် ခြံဝင်းငယ်လေးသို့ မတော်တဆ ရောက်ရှိလာသည်။

 ၎င်းသည် ကျီဝူရှား၏ဒုတိယအစ်ကို ကျီဝူရှင်းမှလွဲ၍ အခြားသူမဟုတ်ပေ။

 "မင်္ဂလာပါ အကြီးအကဲလု။"

 လုရှောင်ယန်ကိုမြင်တော့ ကျီဝူရှင်းက ချက်ချင်း  ဦးညွှတ်လိုက်သည်။ သူ၏အပြုအမူသည် အလွန်လေးစားနေပုံရပြီး ယခင်ကလို မောက်မာမှုလုံးဝမရှိပေ။

 လုရှောင်ယန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

 ကျီဝူရှင်းက ချက်ချင်းပြောသည်။ "အကြီးအကဲ၊ မျက်မှောင်ကြုတ်နေတာဆိုတော့ ပြသနာ တစ်ခုခုရှိလို့လား..  စိတ်မရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ်။ ကူညီဖို့ နည်းလမ်းရှိမရှိ ကျွန်တော်ကြည့်ပေးမယ်။"

 လုရှောင်ယန်သည် ကျီဝူရှင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

 လူတစ်ဦးသည် အကူအညီမတောင်းပဲ ကူညီပေးဖို့ ဆန္ဒပြင်းပြနေလျှင် ၎င်းတို့သည် သေချာပေါက် မကောင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now