Chapter - 9

11.9K 2K 120
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ဖုက လူကောင်းပါ
_____________________

ရှန်ရှင်းချန်ကို မနည်းစကားဖြတ်ပြီးသွားတော့ ဂျန်ရှင်းဆွေ့ကအခန်းထဲမှာ တခြားလူနှစ်ယောက်ရှိနေသေးတယ်ဆိုတာ သတိပြုမိသွားတယ်။ တစ်ယောက်က ဆံပင်ကိုချစ်စရာကောင်းလှတဲ့ကျောင်းသားကေညှပ်ထားတယ်။ ကြည့်ရတာတက်ကြွပြီး ချစ်ဖို့ကောင်းမဲ့ပုံလေး။

တခြားတစ်ယောက်ကတော့ ရိုးသားပြီး‌တည်တည်ငြိမ်ငြိမ်ရှိမဲ့ပုံပဲ။ သူ့ရဲ့စူးစမ်းနေတဲ့မျက်လုံးတွေကို သတိထားမိသွားတော့ နည်းနည်းအေးစက်စက်နိုင်တဲ့သူကခေါင်းငြိမ့်ပြီး‌တော့ "နိဟောင်! ငါကနင်ဇယ်ပါ"

ချစ်စရာကောင်းတဲ့ကောင်လေးကလည်း ခေါင်းငြိမ့်လိုက်ပြီးတော့နွေးထွေးစွာနှုတ်ဆက်လေတယ် "နိဟောင်! ငါကဝမ်းရှန်းကောပါ"

ဂျန်ရှင်းဆွေ့လည်းလက်ပြလိုက်ပြီးနှူတ်ဆက်လိုက်တယ် "နိဟောင်! ငါကဂျန်ရှင်းဆွေ့ပါ"

အဲ့ဒီအချိန်မှာအခန်းထဲကသုံးယောက်လုံးတိတ်ဆိတ်သွားလေတယ်။ သူ့ဘေးမှာရှိတဲ့ရှန်ရှင်းချန်ပဲအေးအေးဆေးဆေးနဲ့ ဘုရင်တစ်ပါးလိုကုတင်တွေဆီလျှေက်သွားကာထိုင်လိုက်ပြီး "မင်းတို့မအိပ်ဘူးဆိုတော့လည်း ငါဒီမှာအိပ်ပြီနော်"

"......"

တကယ်တော့မအိပ်သေးတာမဟုတ်ဘူး။ အိပ်ဖို့နေရာကိုမရွေးရသေးတာ။

အရင်ကတော့ဂျန်ရှင်းဆွေ့ပဲ ဒီသခင်လေးကဘယ်လောက်အထက်စီးဆန်ပြီးရိုင်းတယ်ဆိုတာသိတာ။ ဒါပေမဲ့အခုတော့ကျန်တဲ့နှစ်ယောက်လည်းတွေ့လိုက်ရပြီ။ ဝမ်းရှန်းကောကအစကတည်းက ရွေးပြီးသားလိုမျိုးတခြားကုတင်တစ်ခုကိုရွေးလိုက်တယ်။ နင်ဇယ်ကလည်းစကားပြောရတာမကြိုက်တဲ့သူဆိုတော့ သူ့ပါသူတခြားကုတင်တစ်ခုကိုရွေးလိုက်တယ်။ တခြားသူတွေဆိုရင်ရန်ထသတ်လောက်ပေမဲ့ သူတို့ကတော့အေးအေးချမ်းချမ်းပဲပြီးသွားတယ်။

ပြိုင်ပွဲဝင်တွေအားလုံး အဆောင်ရွေးပြီးသွားလောက်တဲ့အချိန်ကျတော့ ဝန်ထမ်းလေးက "အားလုံးပဲနေရာယူပြီးကြရင် ရိုက်ကူးရေးနေရာကိုသွားပေးကြပါနော်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now