အရာရာတိုင်းအတွက်

5.5K 73 3
                                    

အပိုင်း-၁

#အရာရာတိုင်းအတွက်

"ဘာပြောတယ် နယ်ဘက်ကို ကျောင်းဆရာသွားလုပ်မယ် ဟုတ်လား ခွင့်မပြုနိုင်ဘူးဟေ့ကောင်"

"မသိဘူး ဒယ်ဒီရာ ကျွန်တော်သွားလုပ်မယ်ကြောင်းလာပြောတာ ခွင့်ပြုတာမပြုတာ ဒယ်ဒီကိစ္စပဲ ကျွန်တော်ကသွားမှာပဲ"

ဆိုဖာပေါ်ကနေထရပ်ပြိး အပြင်ကိုထွက်သွားသည်။

"ဟေ့ကောင်"မာန်မာန" "

ဉိးဝင်းမာန် အပြေးတစ်ပိုင်းနဲ့ လိုက်သွားပေ
မဲ့ ခြေတံရှည်တဲ့မာန်ကို လိုက်မမှီ။ ခြံပြင်ကို ကားမောင်ထွက်သွားပြိး။

"ဒိကောင်ကွာ"

ဉိးဝင်းမာန်ဒေါသနှင့်အတူ အံကြိတ်ထားသည်။

"ဖေကြီးရယ် လွှတ်ထားလိုက်ပါ သားကငယ်သေးတာပဲ သူလုပ်ချင်တာလုပ်ပါစေ။ သူမလုပ်ချင်တော့ရင်ပြန်လာမှာပါ။ အဲ့အချိန်မှ ဖေကြိးလုပ်မှာ ခေါ်သင်ပေါ့"

ဉီးဝင်း ဖက်ခုံးကိုလက်နှင့်သက်ပေးရင် ဒေါ်မေစိန်နားချနေသည်။

ဉိးဝင်းက ခြေလှမ်းကျဲများဖြင့် ဧည့်ခန်းဘက်ကိုလျှောက်လာကာ ဆိုဖာပေါ် ရင်လေးစွာနဲ့ ထိုင်ချသည်။

"မင်းသိပါတယ် မင်းသားကကျောင်းဆရာလုပ်ချင်တာမဟုတ်ဘူး။ အဲ့ကလေးမကြောင့် လိုက်လုပ်နေတာ မဖြစ်သေးပါဘူး။ "

ပြောနေရင်းထလာကာ ဂိုထောင်ထဲက ကားထုတ်ပြိးထွက်လာခဲ့လိုက်သည်။

ဒိသားနဲ့ဒိအဖေကြောင့် ဒေါ်မေစိန်သက်ပြင်းရှည် ချမိသည်။

သားလုပ်သမျှကို သူမသိသည်။

အဲ့ကလေးမနှင့်ပတ်သက်လာရင် သားကအမြဲတမ်းတဇွတ်ထိုးနှင့်လုပ်သည်။

အဖေဖြစ်သူက မလိုချင် သားကပိုပြိးလုပ်ချင်သည်။

ခုလဲပြဿနာက စလာပြန်ပြီး။

သားဆိုးမှန်သိသည်။

တားလို့မရသည်ကိုလဲ သိသည်။

အဖေကတော့ တားမြဲတားနေဆဲပင်။

________________________________

အရာရာတိုင်းအတွက် Where stories live. Discover now