အရာရာတိုင်းအတွက်

663 19 0
                                    

အပိုင်း - ၂၈

#အရာရာတိုင်းအတွက်

"အန်ကယ် သက်သာလား"

ယူလာသောမုန့်အိမ့်လေးကို ဘေးမှာချပြီး ဉီးဝင်းအခြေအနေကို မေးသည်။

"သမီးလေးပါလား"

‌ဟေမာကို တွေ့တာနဲ့ ဉီးဝင်းက ခုတင်ပေါ်ကနေ မနိုင်မနင်း ကုန်းထလာသည်။

"ရပါတယ်အန်ကယ်ရဲ့ မထပါနဲ့ လဲနေပါ"

"အမ်"

"ဟမ်း သမီးဟေမာ"

ချိုင့်လေးကိုင်ပြီး ဒေါ်စိန်အခန်းထဲဝင်လာသည်။

"ဟုတ်အန်တီ"

"လူနာ လာကြည့်တာလား"

"မဟုတ်ပါဘူး လာစောင့်တာ"

"ဟမ်း လာစောင့်တာ ဘယ်သူနေမကောင်းဖြစ်လို့လဲ သမီးရဲ့"

"အန်ကယ်ကို လာစောင့်တာလေ"

"အမလေးသမီးရယ် လာကြည့်ပေးတာနဲ့တင် ကျေနပ်နေပါပြီး မစောင့်ပါနဲ့ အားနားစရာကြီး"

"ဟုတ်ပါတယ် သမီးရယ် အန်ကယ်လဲသက်သာနေပါပြီး"

"ရပါတယ် အိမ်မှာနေရတာ ပျင်းတယ်လေ အပြင်လေးဘာလေးထွက်ချင်တာနဲ့ ဒီကိုလာဖြင့်သွားတာ"

"သြော် ....ဒါနဲ့ သမီးကိုကိုရော "

"သမီးကိုကိုနဲ့လာတာမဟုတ်ဘူးအန်တီရဲ့ ဒရိုက်ဘာနဲ့လာတာ ဒရိုက်ဘာက ပြန်သွားပြီး ညနေ ၄နာရီမှ လာကြိုမှာ"

"သမီးက ဒီမှာ တစ်နေ့လုံးလာနေမှာလား......မဟုတ်သေးပါဘူး သမီးရယ် သမီးအဖေဆီ ဖုန်းဆက်ပေးမယ် တစ်နေ့လုံးဘယ်ဖြစ်မလဲ"

"သမီးအိမ်မှာ ပျင်းလို့ပါအန်တီရယ် ဖုန်းမဆက်ပါနဲ့ အန်တီက ဆေးရုံမှာ အန်ကယ်ကို လုပ်ပေးနေရတယ် အန်ကယ်အိမ့်နေရင် တစ်ယောက်ထဲထိုင်စောင့်ရတယ် ပျင်းနေမှာပေါ့ သမီးက ခုအဖော်လုပ်ပေးမှာ အန်တီမပျင်းစေရဘူး"

"မ....."

ဒေါ်စိန်စကားမပြောနိုင်အောင် ဟေမာ မရပ်မနားစကားတွေပြောနေသည်။

"သမီး ခေါင်းလျှော်ရည်ဝယ်လာတယ် အန်တီကို သမီးခေါင်းလျှော်ပေးချင်နေတာ အန်တီက အန်ကယ်ကိုပဲ လုပ်ပေးနေတာ ကိုယ့်အတွက်လဲ မေ့နေတာလေ ....လူနာက လူနာပေါ့ စောင့်တဲ့သူလဲ လှလှပပဆို ပိုစိတ်ချမ်းသာတာပေါ့"

အရာရာတိုင်းအတွက် Where stories live. Discover now