အရာရာတိုင်းအတွက်

697 20 0
                                    

အပိုင်း - ၃၄

#အရာရာတိုင်းအတွက်

သောက်တာများသွားလို့ ခေါင်းကမူးချင်သည်။

နေရောင်က မာန်ရဲ့မျက်နှာကို ဆူးရှစွာ ထိုးနေသည်။

မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး ဘေးကိုကြည့်လိုက်သည်။

စောင်ခေါက်ထား၍ သက်ရပ်နေသည် ဟေမာအိမ်‌‌ယာ။

တကိုယ်ရေသန့်ရှင်းပြီး မိုးပြာရောင်ရှပ်ကို ဘောင်ဘီအနက်ရောင်နဲ့ တွဲဝတ်လိုက်သည်။

အင်္ကျီကြယ်သီးကိုတပ်ပြီး ဆံပင်ကိုပုံသွင်းကာ မာန်အောက်ထပ်ကိုဆင်းလာသည်။

မီးဖိုခန်းကို အပြတ်

"ဆရာ"

လက်ဖက်ရှည်ငဲ့နေရင်း မာန်ကိုတွေ့၍ ခေါ်ကာအနားကို ပြေးလာသည်။

မပြုံးမရယ်နှင့် ရုပ်တည်နေသောမာန်။

အရာရာတိုင်းကို စိတ်မကြည်သည့်ပုံစံ။

ဟေမာက အပြုံးမပျက် မာန်လက်မောင်းကို ကိုင်ရင်း ဆွဲခေါ်သည်။

ရပ်နေရာက မာန်ကမရွေ့လား။

"မနက်စာအစာပြေစားသွားပါလား ဆရာ"

"ငါ..ငါနောက်ကျနေပြီး နောက်မှပေါ့ သွားပြီးဟေမာ"

အသက်မပါသည့်အပြုံးလေးဖြင့် ဟေမာခေါင်းပေါ်လက်တင်က ဆံပင်ကို ခပ်ဖြည်းဖြည်းဖွပြီး ထွက်သွားသည်။

အပြုံးလေးနှင့် ကျန်ရစ်ခဲ့သောသူမ။

မာန်ကားအထွက် ဟေမာပြေးလိုက်လာပြီး ကားကိုတားလိုက်သည်။

မာန်ကလန့်ပြီး ဘလိပ်ကို ချက်ချင်အုပ်လိုက်သည်။

"ဟူး...ဒီကောင်မလေး ဘာလုပ်တာလဲ"

ဟေမာ ကားမာန်တခါးနားကို ရောက်လာသည်။

မှုတ်ကုပ်ကုပ်မျက်နှာနှင့် ကားမှန်ကိုချပြီး

"ဘာလဲ"

"အဟဲ လမ်းကြုံရင် မုန့်ဟေမာဝယ်ခဲ့ပေးလို့"

စပ်ဖြဲဖြဲနှင့်။

ဘာလိုလိုနှင့် မာန်ကရယ်ချင်စိတ်ပေါက်လာ၍ ဟက်တနဲ့ ရယ်မိသည်။

အရာရာတိုင်းအတွက် Where stories live. Discover now