အရာရာတိုင်းအတွက်

1.1K 23 0
                                    

#အပိုင်း - ၄၆

အရာရာတိုင်းအတွက်

"ဟဲလို......."

"ဟဲလို ကလေးလားဟင် ဟေမာလား.."

"ဟုတ်ကဲ့"

"နေကောင်းလားဟင် "

အသံလေးကို ကြားလိုက်တာနှင့် မျက်ရည်လေးက ဝဲတတ်လာသည်။

အသံမကြားရတာ ဘယ်လောက်တောင် ကြာသွားပြီးလဲလို့။

"ကလေးအသံကို လွမ်းနေခဲ့တာ ဘာလို့ခုမှ ခေါ်တာလဲ"

"ဟေမာတောင်းပန်ပါတယ် ဆရာရယ်"

"ကိုယ်မှားခဲ့တာပါ ကလေးအမှားမဟုတ်ပါဘူး ကိုယ်တောင်းပန်ပါတယ်"

အခေါ်အဝေါ်လဲ ပြောင်းလဲနေသည်။

ဆရာဟေမာကို ချစ်နေလားဟင်။

"ဟေမာလေ ဆရာကို သတိရတယ် သိလား"

"သတိရရင် ပြန်လာပါတော့ ကလေးရယ်။

ကိုယ်မှာ လွမ်းလွန်ငို နေရတာ သိလား"

"ဆရာ ဟေမာ့ကို ချစ်လားဟင်"

"ချစ်တာပေါ့ သိပ့်ကိုချစ်တာ ပြန်လာပါတော့နော် အရင်လို ကလေးကို မထားတော့ဘူး။

ကိုယ်လေ ကလေးကို ယုယုယယနဲ့ ချစ်နေမှာ။

ကိုယ့်ကြောင့် ကလေးငိုအောင်မလုပ်တော့ဘူး။

တစ်ခြားကောင်းမလေးတွေကိုလည် မချစ်တော့ဘူး ။

ကိုယ့် ဘဝ မှာ ကလေးတစ်ယောက်ကိုပဲ ထားတော့မှာ ။

ပြန်လာပါတော့နော်..... နော်။ "

"အဟင့်.....ဟင့်.."

"ဘာလို့ ငိုနေတာလဲ မငိုပါနဲ့နော် ကိုယ်ရင်တွေ နာလို့ပါ။ "

မထင်ထားခဲ့လိုပါ။

ဆရာအဲ့လိုတွေ ပြောမယ်ဆိုတာ။

ဟေမာကို ချစ်သည်တဲ့လား။

ဝေးသွားမှ ဆရာပြောတယ်။

ဆရာသိမ့်ကို ဆိုးတာပဲ။

ဟေမာလည် ပြန်ချင်တာပေါ့။

အရမ်းကို တွေ့ချင်နေတာ။

အဝေးက ကြည့်နေရတာ အားမရဘူး။

‌ဆရာဆီ ပြေးဖက်ချင်ခဲ့တာ။

အရာရာတိုင်းအတွက် Tempat cerita menjadi hidup. Temukan sekarang