အရာရာတိုင်းအတွက်

782 16 1
                                    

#အပိုင်း - ၄၀

အရာရာတိုင်းအတွက်

"နိုးပြီးလား မိန်းမ"

"ဟမ်"

"ထ ထ ကျောင်းသွားရမယ်မှတ်လား ရေသွားချိုး"

မူးတူးတူးနိုးလာတော့ ခေါ်ခံရသည်က မိန်းမတဲ့။

ကြောင်တောင်တောင်နှင့်ဆရာကို ကြည့်မိသည်။

မာန်ကအပြုံးလေးဝေလျက် သွားပေါ်အောင်လည် ရယ်သည်။

"ကဲ ထပါဆို"

ဘာလိုလိုနှင့် ဟေမာကိုချီပြီး ရေချိုးခန်းအရောက်ပို့ပေးသည်။

"မြန်မြန်ချိုး နော် အအေးပတ်မယ်မိန်းမရေး...."

လူကို စကားမပြောတာ နှစ်ရက်သုံးရက်လောက်ရှိပြီး။

စကားလည်မပြော သူ့ဖာသာသူ အေးအေးဆေးဆေးနေသည်။

အနားကိုလာတော့ ရှောင်ထွက်သွားသည်။

ဘယ်လိုပဲ စကားသွားပြောပြော ဘာမှပြန်ပြောဘူး။

ဒီလို ချော့တော့လဲကြောင်တောင်တောင်ရုပ်နှင့် ရယ်စရာကောင်းနေတော့ မာန် သဘောကျနေမိသည်။

____________________________________

"မိန်းမရေး...... ကိုယ်လာကြိုမယ်လေ"

≤လာတုန်းကလည် တစ်လှမ်းလုံး မိန်းမရေး...... ရေယူပေးပါဉီး။
မိန်းမရေး.... ဒါလေကြည့်ပါဉီး။  မိန်းမရေး..... လူတွေလမ်းလျှောက်နေတယ် ကြည့်ပါဉီး။

မိန်းမရေး....က ပါးစပ်ဖျားနေ မချ။

ဆရာ  အဲ့ မဟုတ်ဘူး ယောက်ျားရေး... မိန်းမအရမ်းပျော်နေတယ် သိလား≥

"မိန်းမရေး......မိန်းမ....

ဟဲ့..... ဟေမာ "

ကားပေါ်မှာ လာကတဲက ညိမ်နေသည်။

ဘာမှ မပြောသလို ဘာမှမလုပ်။

ရေယူပေးဆိုလို့ လှည့်မကြည့်ပဲ ကမ်းပေးသည်။

ခုလည် ကားပေါ်ကမဆင်းသေး ကားကကျောင်းရှေ့ကို ရောက်နေပြီး။

≤မိန်းမလို့ ခေါ်လို့များ ပိုစိတ်ဆိုးသွားတာလား။

ငါတော့ ဒုက္ခရောက်ပါပြီး။ ≥

အရာရာတိုင်းအတွက် Where stories live. Discover now