အရာရာတိုင်းအတွက်

644 16 0
                                    

အပိုင်း - ၂၇

#အရာရာတိုင်းအတွက်

"ကိုဉဣာ ရှိလားရှင့်"

"မရှိခင်ဗျား ဘာကိစ္စရှိလို့လဲ"

"ကိစ္စမရှိပါဘူး လာမေးကြည့်တာပါ"

ဟေမာ ပန်းခင်းနေတွေကို လည့်ပတ်ကြည့်နေတုန်း ကိုကို ကိုလာမေးနေသော မိန်းကလေးသံကြောင့် ခြံစောင့်နားကို သွားလိုက်သည်။

"ဉီးခြံစောင့် ဘယ်သူလဲ"

ခြံစောင့်ကို မေးရင်း မိန်းကလေးကို လှည့်ကြည့်လိုက်တော့။

"မမပန်းဝေ"

"နင်....နင်..ဟေမာမလား"

"ဟုတ်ကဲ့ ကိုကို့ ကိုလာရှာတာလား အိမ်ထဲဝင်ပါဉီးလား ဟေမာဖြင့် သတိရနေတာ"

"မဝင်တော့ပါဘူး ဉဣာမှမရှိတာ "

"ကိုကိုမရှိတော့ မဝင်ဘူးပေါ့ မမပန်းဝေက ဟေမာကို မခင်ဘူးထင်ပါတယ်"

ခေါင်းလေးငုံ့ပြီး နှုတ်ခမ်းလေး ဆူသွားသည်။

"အဲ့..အဲ့လိုမဟုတ်ပါဘူး ညီမလေးရဲ မမကလေ ညီမလေးအစ်ကို မရှိတော့ ဝင်စရာမလိုဘူးထင်နေတာ ညီမလေးခေါ်မှတော့ ဝင်မှာလာပါ စိတ်မကောင်းမဖြစ်နဲ့နော်"

"ဟုတ်"

ပန်းဝေလက်လေးကို ကိုင်ပြီး ဧည့်ခန်းမှာ ဝင်ထိုင်ခဲ့ကြသည်။

"မမအတွက် မုန့်လာချပေးပါဉီး"

ဆိုဖာနားက ရပ်နေသော အစေခံမလေးကို ဟေမာခိုင်းလိုက်သည်။

"ဟုတ်ကဲ့ပါ မမလေး"

"မလိုပါဘူး ညီမလေးရဲ့ "

"လိုပါတယ် မမတစ်ခါတစ်လေမှလာတာ ကောင်းကောင်းဧည့်ခံချင်တာပေါ့လို့"

"အမ်ပါ ဒါနဲ့ ညီမလေး စာမေးပွဲဖြေနိုင်ခဲ့ရဲ့လား"

"ဟုတ် နိုင်ပါတယ် ဒီနှစ်အောင်ပါပြီး"

"ဒါဆို တဣသိုလ်တတ်ရတော့မှာပေါ့"

"ဟုတ်ကဲ့ .....နောက်ခဏနေကျရင် ကိုကို ပြန်လာတော့မှာပါ ခုတစ်လော ကိုကိုအလုပ်ရှုပ်နေတာလေ ကြားထဲ ဟေမာ့ကို ‌ဟိုလိုက်ပို့သည်လိုက်ပို့ရသေးတာနဲ့"

အရာရာတိုင်းအတွက် Where stories live. Discover now