အရာရာတိုင်းအတွက်

684 19 0
                                    

အပိုင်း - ၁၁

#အပိုင်း - ၁၁

ရန်ကုန်ကို ပြန်ရောက်ပြီးမို့ ထိပ့်ထားအိမ်ကို မုန့်များနှင့်ရောက်လာသည်။

"အန်တီမေ နေကောင်းလား"

အပြုံးကလေးနှင့် မာန် အိမ်ပေါ်ကို တတ်လာသည်။

"ဟယ် သားလေး ပြန်ရောက်ပြီးလား"

"ဟုတ်ကဲ့"

သိုမွှေးထိုးနေရင်း မာန်ကို အပြုံးနှင့်ကြိုဆိုသည်။

အိမ်က ဧည်ခန်းဆိုပေမဲ့ ဘာခုံမှမရှိပါဘူး။

အိမ်ကပြောင်ကြိးပါ။

ဧည့်သည်လာရင် နရံထောင့်က ထောင်ထားသည့် ဖျာလိပ့်ကို ခင်းပေးသည်။

ဒေါ်ထားထားစံက ဖျာခင်းပြိး သိုမွှေးထိုးတာမို့ မာန်လဲ ဝင်ထိုင်သည်။

အိမ်ကိုလှည့်ပတ်ကြည့်သည်။

အိမ်က ခပ်သေးသေးရယ်ပါ။

မိသားစုလေးယောက်နေထိုင်ရန်အတွက် အဆင်ပြေသလောက်ရှိသည်။

သစ်သားအိမ်ပုပုလေးမို့ လှေကားသုံးထစ်သာ ရှိသည်။

မာန်ငယ်ငယ်ကတဲ့က လာနေကျမို့ ထိပ်ထားအိမ်က သူ့အိမ်လိုပါပဲ။

မိသားစုတွေကလဲ မာန်ကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံကြသည်။

ထိပ့်ထားကလွှဲရင်ပေါ။

"အန်တီမေ ဒါနဲ့ထိပ့်ထားရော"

"ထိပ့်ထားလား ပြန်မလာသေးဘူးလေသားရဲ့ "

"ဗျာ ဘာလိုပြန်မလာသေးတာလဲ ကျောင်းပိတ်တာ တစ်လကျော်နေပြီးလေ"

"သားမာန် သိတယ်ထင်နေတာ ထိပ့်ထားပြောတာကတော့ သူ့ ကိစ္စလေးရှိလို့တဲ့ ဘာလဲတော့ အန်တီလဲမသိဘူး အန်တီထင်တာ သားသိတယ်ထင်နေတာ"

"ကျွန်ုတော်မသိဘူးဗျ ပြန်လာကတဲက ထိပ့်ထားကိုမတွေ့ဖြစ်လို့ အိမ်လိုက်လာတာ"

"ဒီကလေးမ ဘာတွေလုပ်နေတာလဲမသိပါဘူးတော်"

"အမေ အမေ"

လှေကားပေါ်ကို တတ်လာရင်အော်ခေါ်နေသည်။

"ဟ ကိုကြီးမာန်ရောက်နေတာလား "

အရာရာတိုင်းအတွက် Where stories live. Discover now