အရာရာတိုင်းအတွက်

646 17 0
                                    

အပိုင်း - ၂၅

#အရာရာတိုင်းအတွက်

"ကိုကို"

ကားပေါ်ဆင်းလာတာနဲ့ လှေကားထစ်ပေါ်ဆင်းလာသူကို ဟေမာအပြေးနှင့် ဖက်လိုက်သည်။

"ဟ ညီမလေး ဘယ်လိုလာတာလဲ"

"ကားနဲ့လာတာပေါ့ ကိုကို ကိုသတိရနေတာ လာကိုမလည်ဘူး"

ထိုသူလည်ပင်ကို တင်းကျပ်စွာ ဖက်ထားရင်းနှင့်။

"ကိုကိုလဲ သတိရပါတယ် လာမအားတာနဲ့လေ"

"သိတယ် ဟေမာထက် မမပန်းဝေကို ဉီးစားပေးနေတာ"

"ကိုကို့ ညီမလေး ပင်ပန်းလာမှာပေါ့ အိမ်ထဲဝင်"

"ဟုတ်"

"ထိုင်"

ထိုသူအနားကို ဟေမာထိုင်ရင်း ထိုသူရဲ့ ခါးကိုလဲ ဖက်ထားသည်။

ထိုသူက ဟေမာ ခေါင်းလေးကို သပ်ပေးရင်းနှင့်။

"ကိုကိုညီမလေးက ဘယ်နေရက်နေမှာလဲ"

"ကြိုက်သလောက်နေမှာ"

"ဟုတ်လို့လား  ငယ်ငယ်ကလို ပေးမပြန် ခိုးပြေးနေမှ"

"အဲ့တာ ငယ်ငယ်ကပါ ခုက အပျိုဖြစ်နေပြီး"

"သြော် အပျို "

ထိုသူက ဟေမာကို မျက်နှာပြောင်ပြလျက်။

"ကိုကို ဟေမာကို ရန်ကုန်မြို့ ပတ်ပြီး လိုက်ပြပါလားဟင်"

"နောက်နေ့ တနဂႅနွေလိုက်ပို့မယ်လေ"

"ဟမ်း တစ်ရက်ပဲလိုက်ပို့မှာလား ကားလျှောက်စီးမှာမဟုတ်ဘူးနော် လှပတဲ့နေရာတွေကို လေ့လာချင်တာ"

"အေးပါကွာ လိုက်ပို့မယ်"

"မပို့ပါနဲ့သားရယ် မင်းညီမကို ဉီးချမ်းသာပို့လိမ့်မယ်"

သူတို့ နှစ်ယောက်ကြား ဉီးထိန်ဝင်ပြောလာသည်။

"မရပါဘူးနော် ကိုကိုက ဟေမာအတွင်းရေးမှူး ဉီးဉီးချမ်းသာက ဖေကြီးအတွင်းရေမှူး မတူဘူး"

"မလုပ်ရဘူးလေ သမီရဲ့ ကိုကို အလုပ်များကြီးလုပ်ရဉီးမယ်"

"မရဘူး မရဘူး ဖေကြီးမလုပ်ပေးဘူးလား ဉီးဉီးချမ်းသာရေး...... ဟေမာခုချက်ချင်းပြန်တော့မယ် ကားပြင်ထားလိုက်တော့ ဖေကြီးကိုလဲ စိတ်ဆိုးတယ် ဟမ့်"

အရာရာတိုင်းအတွက် Opowieści tętniące życiem. Odkryj je teraz