အရာရာတိုင်းအတွက်

999 21 0
                                    

#အပိုင်း - ၄၄

အရာရာတိုင်းအတွက်

ဒီနေ့က ဟေမာတို့ စာမေးပွဲဖြေတာ နောက်ဆုံးနေ့ပေါ့။

ဆရာက ဟေမာကို ဂရုစိုက်ပါသည်။

တစ်ခါတစ်လေ စာပါကူကျက်ပေးသည်။

အဲ့တာကြောင့် ဆရာကို ပိုပိုချစ်လာတာပေါ။

ဆရာအိပ့်ပျော်သွားရင် ဖက်ခေါင်းအုံးကို ဖယ်ပြီး ရင်ခွင်ထဲဝင်အိမ့်တတ်သည်။

ရင်ခုန်တာထက် ပိုပျော်သည်။

ဒါပေမဲ့ ဆရာ တီချယ်နှင့် ဖုန်းခဏခဏပြောသည်။

အဲ့ချိန်ဆို နှလုံးသားက နာကျင်ဆုံးချိန်ပေါ့။
____________________________

မာန်က ထိပ့်ထာအိမ်သို့ မုန့်များဖြင့် ရောက်လာသည်။

ဒေါ်ထားထားစံက မာန်ကိုမကြည့်ဝံ့တော့ပါဘူး။

မာန်လာရင် နောက်ဖေးကို ပြေးပုန်သွားသည်။

ဒီနေ့က ပြေးမမှီပါဘူး။ စက်ချုပ်နေတုန်း အသံမကြားပဲ ဝင်လာလို့လေ။

"ဒေါ်ဒေါ် နေကောင်းလားဗျ"

"ဟမ်...အ.. အေး...ကောင်းပါတယ်"

မာန် အသံကြားလို့ နောက်ဖေးက ထိပ့်ထားပြေးထွက်လာသည်။

"အမလေး...."

ရုတ်တရက် မူး၍ လဲသွားသည်။

"သမီး.. "

"ထိပ့်ထား....ဘာဖြစ်သွားတာလဲ"

ထိပ့်ထားဆီ ပြေးသွားရင် ထူပေးသည်။

ထိပ့်ထားမေ့နေပြီး။

"ထိပ့်ထား..."

"သမီးလေး..သမီး..."

"သတိလစ်နေပြီး ထင်တယ် ဒေါ်ဒေါ်"

"ဟုတ်မယ် မကြာခဏ မူးပြီးလဲနေတာ ညဆိုလည် ညည်းနက်တဲ့အထိ စက်ချုပ်တာ"

"ဆေးရုံသွားမှ ဖြစ်မယ်"

ထိပ့်ထားကို ချီပြီး ကားမောင်းထွက်သွားသည်။

_____________________________

"ဆေးရုံအုပ် မိန်းမက အားနည်းနေတာပါ..."

"ဗျာ"

"မဗျာပါနဲ့ ...ဇနီးက ကိုယ်ဝန်နဲ့ဗျာ စိတ်ချမ်းသာအောင် ထားမှပေါ့"

အရာရာတိုင်းအတွက် Where stories live. Discover now