အရာရာတိုင်းအတွက်

693 19 0
                                    

အပိုင်း - ၉

#အရာရာတိုင်းအတွက်

ခြံရှေ့မှာ ဆံပင်ကုပ်ဝဲလေးနှင့် ခေါင်းပေါ်ဘီးကုပ်တပ်ထားသော သပည့်တော်လေ မိဟေမာ။

ကျောင်းဝတ်စုံအဖြူအစိမ်းနှင့် စက်ဘိးကို ကိုင်လျက် အပြုံးကလေးနှင့်စောင့်နေသည်။

မတွေ့ရတာနည်းနည်းကြားသွားတော့ သတိရ မိသလိုပဲ။

မျက်နှာက ထိပ့်ထားလောက် လှပြိး ဆွဲဆောင်မှုမရှိပေမဲ့ ပါးဖောင်းဖောင်းလေးနှင့်သူ့အပြုံးက လူကိုအေးချမ်းစေတာအမှန်ပင်။

"ဘယ်လိုလဲ စာမေးပွဲဖြေဖို့ အဆင့်သင့်ပဲပေါ့"

"ဖြစ်ပါပြိးရှင့်"

ခေါင်းလေးကို ငုံ့ပြီးဖြေပေးနေသည်က ချစ်စရာလေး ။

ပါးကိုနာနာလေ ဆွဲလိမ်လိုက်ချင်သည်။

ဆရာဆိုသည့် ဂုဏ်ပုဒ်က သပည့်တော်ကို အဲ့လိုလုပ်ဖို့အားမပေး။

နေပုံက အသဲယားစရာပင်။

သူ့ကြောင့်တစ်ခါတစ်လေ ထိပ့်ထားကိုမေ့နေရသလိုပင်။
______________________________

"ဆရာ"

မာန်က စက်ဘိးနင်းပြီး အရှေ့ဘက်လှည့်ထားသည်။

ဟေမာမာန်နောက်ကျောကို ကြည့်ပြီး

" စာမေးပွဲဖြေပြိးရင် သမီးကိုလာကြိုပါလား"

"ဆရာက ဟိုဘက်ကျောင်းမှာ အခန်းစောင့်လေ သမီးအိမ်ပြန်ရောက်ရင်တောင် ဆရာက‌ပြန်ရောက်လာမှာ မဟုတ်ဘူးသမိးရဲ့"

"သမီးစက်ဘီး ယူသွားလေ "

"........"

မာန်ဘာမှမပြောပဲ တစ်ခုခုကိုတွေးနေသည်။

"သမီးစောင့်နိုင်ပါတယ် ဟိုဘက်ကျောင်းလဲသိမ့်ဝေးတာမှမဟုတ်ပဲ နှစ်လမ်းကျော်လောက်ပဲကို"

"သမီးစောင့်နေရင် စာကျက်ပျက်တာပေါ့"

"တော်ပြီး မလာကြိုချင်လဲရပါတယ် သမိးကဆရာအတွက်အရေးမှမကြိးတာ"

≤တစ်ခါတစ်လေ ဟေမာ တီချယ်ကိုသိမ့်မနာလို ဖြစ်တာပဲဆရာရယ် ။

အရာရာတိုင်းအတွက် Wo Geschichten leben. Entdecke jetzt