အရာရာတိုင်းအတွက်

788 18 0
                                    

အပိုင်း - ၃၉

အရာရာတိုင်းအတွက်

"တင်းတောင်.......  တင်းတောင်"

"သမီးရေး ကြီးပုမအားလို့ သွားကြည့်လိုက်ပါဉီး"

ဟေမာဧည့်ခန်းမှာ စာအုပ်ထိုင်ဖက်နေသည်မို့  ကြီးပုက မီးဖိုချောင်ကနေ လှမ်းအော်သည်။

"ဟုတ်ကဲ့"

စာအုပ်ကို စာပွဲပေါ်တင်ပြီး ခြံထဲဆင်းလာသည်။

"ဟယ် လှမျိုး"

"အမလေး နင်ရှိလို့တော်သေးတယ် ငါတို့စိတ်ပူနေတာ"

"နင်က ဘယ်လဲ"

"ဟယ် ပြောထားတယ်လေ အိ အိမ်ကို သွားလည်မှာဆို လာခေါ်တာပေါ့ဟ ဘာလား "

"အေး ငါ့မေ့နေတာ အိမ်ထဲဝင်ဉီးလေ"

"မဝင်တော့ဘူး နင်မသွားဘူးလား မြန်မြန်လုပ်လေ"

"စိတ်ကလည် မြန်လိုက်တာ ခဏစောင့် ငါ့ ပိုက်ဆံအိပ့်သွားယူလိုက်ဉီးမယ်"

ဟေမာ အိမ်ထဲ ဝင်လာပြီး အခန်းထဲက အိပ့်ကို ပြေးယူသည်။

တံခါးရှေ့ရောက်မှ ကြီးပုကို သြော်ပြောတော့သည်။

"ကြီးပုရေး သမီးအပြင် ခဏသွားမယ်နော်"

"ဟဲ့ ဟဲ့ ကလေး....."

အသံသာကြားရ၍ လူကိုမတွေ့။

ဇွန်တစ်ချောင်းနှင့် အိမ်ရှေ့ကို ထွက်လာတော့ ဟေမာက လမ်းပေါ်ရောက်နေပြီး။

"တယ် ဒီကလေးမ နေကောင်းခါစပဲ ရှိသေးတယ် ဘယ်သွားမလို့ပါလိမ့်"

ထွက်ခါစမို့ လှမ်းမြင်ခဲ့ပါသေးသည်။

Taxi ငှားပြီး အိတို့ ရပ်ကွက်ကို သွားကြသည်။

"သောကြာနေ့က ဘာလို့ကျောင်းမလာတာလဲ ငါတို့နင့်ကို စိတ်ပူလိုက်ရတာ "

"ငါဖျားနေလို့ပါ"

"ဖုန်းဆက်တာလဲ ဖုန်းမကိုင်ဘူး ပြန်လဲမဆက်လာဘူး တော်တော်နေနိုင်တယ် ငါတို့မှာ နင်ခုခုဖြစ်နေလား ဘုရားတွေတလို့"

ဟေမာသွားကျဲ ရယ်ပြရင်းနှင့်။

"ငါပြန်ခေါ်ဖို့ မေ့သွားတာ ခုမှ နေကောင်းခါစပဲ ရှိသေးတာ ချိန်ထားတာကိုလည် မေ့နေတာ"

အရာရာတိုင်းအတွက် Where stories live. Discover now