အရာရာတိုင်းအတွက်

671 19 0
                                    

အပိုင်း - ၁၃

#အရာရာတိုင်းအတွက်

ကျောင်းဖွင့်နေပါပြီး။

မာန်ကျောင်းဆရာအလုပ်က ထွက်လိုက်ရသည်။

ဒယ်ဒီကျန်းမာရေးက အဆင်မပြေလို့ ဒယ်ဒီရဲ့နေရာကို မာန်ဝင်ထိုင်ရတော့မည်။

ထိပ့်ထားနှင့်လဲ ဖုန်းနဲ့သာ ဆက်သွယ်ခဲ့သည်။

ဒီသုံးလ လုံးလုံး မာန်ပင်ပန်းနေခဲ့သည်။

ဒယ်ဒီ ကျန်းမာရေးအလွန်ညံ့လာခဲ့သည်။

ဆေးရုံကိုလဲ မာန်ပဲအုပ်ချုပ်လာခဲ့ရသည်။

ဆေးရုံးနှင့် ပတ်သက်တာ မသိနားမလဲခဲ့တာမို့ အများကြိးလေ့လာခဲ့ရသည်။

ခုတော့ မာန်တတ်ကျွမ်းသလောက်ရှိနေပါပြီး။

ဒယ်ဒီလဲ ဆေးရုံဆင်းလိုက် ပြန်တတ်လိုက်နှင့် ပင်ပန်းနေရသည်။

ဒယ်ဒီကျန်းမာရေး ဆိုးနေသောကြာင့် မာမီလဲ မနားပဲ ဒယ်ဒီကို ပြုစုနေခဲ့သည်။

ဒယ်ဒီကလဲ မာမီမှတစ်ပါး ဘယ်သူ့အပြုအစုကိုမှမကြိုက်။

မာန်မိဘနှင့် အချိန်ကုန်ဆုံးလာခဲ့တော့ အေးချမ်းကို ခံစားနေရသည်။

သပည့်တော်နဲ့တော့ အဆက်အသွယ်မရှိခဲ့ပါဘူး။

_____________________________

ဟေမာ ကျောင်းပိတ်နေသည့် ကာလလုံး တီချယ်နှင့် ကိုကိုတေဇကို နောက်ယောင်ခံလိုက်၍ မှတ်စုများပြုစုခဲ့သည်။

စိတ်မကောင်းစရာက ဆရာကျောင်းဆရာ မလုပ်တော့ဘူးလို့ သိခဲ့ရသည်ပင်။

ဒါပေမဲ့ ဟေမာအားမလျော့ပါဘူး ။

စုံစမ်းနေတုန်းပါပဲ။  တစ်နေ့ဆရာနဲ ပြန်တွေ့လို့ ဆရာသိချင်တာရှိရင် ဟေမာအကုန်ပြန်ပြောဖို့ အဆင်သင့်ရှိနေချင်သည်။

ဟေမာစုံစမ်းနေခဲ့ပေမဲ့ အကျိုးထူးတာ ခုထိမတွေ့သေး။

တီချယ်နှင့် ကိုကိုတေဇကြားက ရိုးသားမှုကိုသာတွေ့သည်။

_________________________

အောင်စာရင်းထွက်ဖို့ ၅ရက်အလို ဟေမာတို့ အိမ်ကပ်ပါပြီး။

အရာရာတိုင်းအတွက် Where stories live. Discover now