အရာရာတိုင်းအတွက်

668 21 0
                                    

အပိုင်း  - ၃၂

#အရာရာတိုင်းအတွက်

"မမပန်းဝေရှိလား"

ဟေမာ ပန်းဝေတို့နေတဲ့အဆောင်ကို ရောက်လာသည်။

ဟေမာ ဆရာနှင့်စေ့စပ်ထားပေမဲ့ ကိုကိုအပြည့်အဝ မပျော်တာကို တွေ့ရသည်။

မမပန်းဝေနှင့် အဆင်ပြေသွားပြီးလားလို့ မေးတော့ မပြေဘူးသည်တဲ့။

ကိုကို ပြောပြမှာပါ မမပန်းဝေမယုံလို့နေမှာဆိုတာ ဟေမာနားလည်သည်။

ထို့ကြောင့် ဒရိုင်ဘာကို မမပန်းဝေ အိမ်စုံစမ်းခိုင်းလိုက်သည်။

မမပန်းဝေက ဘားအံသူမို့ အိမ်ကဘားအံမှာ ရှိသည်။

ရန်ကုန်မှာ အလုပ်လာလုပ်သောကြောင့် အဆောင်မှာနေထိုင်သည်။

ဒရိုင်ဘာက အဆောင်ကို စုံစမ်းခဲ့သည်။

ဒီနေ့က ဖိတ်စာထုတ်ရက်မို့ ဟေမာ ဖိတ်စာကို ယူ၍ မမပန်းဝေဆီကို ရောက်လာခဲ့သည်။

"သမီးက ဘယ်သူလဲ"

"သမီးနာမည် ဆောင်းဟေမာပါ မမပန်းဝေကို တွေ့ချင်လို့ပါ"

"ခဏလေးနော် အဒေါ်သွားခေါ်ပေးမယ်"

အဆောင်မှူးက ထွက်သွားပြီး ခဏနေပြန်ရောက်လာသည်။

"မမပန်းဝေရော ဒေါ်ဒေါ်"

"သမီးကို မသိဘူးတဲ့ တွေ့လဲမတွေ့ချင်ဘူးလို့ ပြောတယ်"

"ဟုတ်ကဲ့...သမီးနားလည်ပါပြီး....မမပန်းဝေ
ကို ဒီဖိတ်စာလေးတော့ အရောက်ပို့ပေးပါနော်"

"အေး..အေ အဒေါ်ပေးလိုက်ပါမယ့်"

"ဟုတ်ကဲ့ သမီးကို ခွင့်ပြုပါဉီးနော်"

ဟေမာစိတ်မကောင်းပါဘူး မမပန်းဝေ နားလည်ပေးနိုင်ပါစေလို့ မျော်လင့်လျက်။
__________________________

ကြီးကျယ်ခန်းနားသည့် မဂႅလာခန်းမမှာ လီလီပန်းနရံများ သင့်ပျံ့မွှေး‌ကြိုက်နေလျက်။ ။

ကော်ဇောနီအထက်မှာ သတိုးသားနှင့်သတို့သမီးနှစ်ဉီး လိုက်ဖက်နေသည်။

မဂႅလာဝတ်စုံနှင့် လှပနေသော ဟေမာ။

သည်ခန်းမကြီးထဲမှာ အပျော်ရွှင်ဆုံးသူပေါ့။

အရာရာတိုင်းအတွက် Where stories live. Discover now