အရာရာတိုင်းအတွက်

854 25 0
                                    

အပိုင်း - ၅

#အရာရာတိုင်းအတွက်

"ထိပ့်ထား ထိပ့်ထား ခဏခဏ စောင့်ပါအုံးဟ"

မာန်ထိပ်ထားနောက်ကနေပြေးလာသည်။

"ဘာလဲ ဆရာမာန်"

ထိပ့်ထားက ခပ်ပြုံးပြုံးနှင့်ပြောသည်။

မာန်ကရယ်ရင်း

"ဆရာတပ်မခေါ်ပါနဲ့ နင်နဲ့ငါက သူစိမ်းတွေမှမဟုတ်ပဲ"

"အေးပါ "

ကိုယ်ခန္ဓာ ပြည့်ပြည့်လေးနှင့် အဖြူအစိမ်းက သူမကို ပိုလှစေသည်။

ထိပ်ထားက မြန်မာချိတ်တွေပဲဝတ်သည်။

ရိုးရိုးလေးနဲ့အရမ်းလှသည်။

ကြည့်မိသူတိုင်း မျက်လုံးထဲက ထုတ်မရနိုင်အောင်ပင် ဆွဲဆောင်သည်။

ဆွဲခြင်းလေးနှင့် ကျောင်းရှေ့တွင် ရပ်ရင်းမာန်ကို ပြုံးပြသည်။

"လှလိုက်တာထိပ့်ထားရယ်" အတွေးနဲ့ပင် မာန်ရူးချင်လာသည်။

"ဘာလဲ ပြောလေ မာန်"

"တစ်ယောက်တည်ပြန်မို့လား"

"အမ်လေ"

"လမ်းလျှောက်ပြန်မှာ မလား"

"အမ်"

"ငါလိုက်ပို့ပေးမယ်"

"ရပါတယ် နင်လိုက်ပို့ရင် တခြားဆရာမတွေက နင်နဲ့ငါကို အထင်တွေလွှဲနေအုံးမယ်ဟယ်"

"လွှဲလေ ကောင်းလေပဲ"

"ဟမ့် ငါတော့မကောင်းဘူးနော်"

ထိပ့်ထား နှုတ်ခမ်းဆူပြိးပြောသည်။

အဲ့လို ပြောလိုက်တိုင်း မာန်ရင်ခုန်နှုန်းပိုမြန်လာသည်။

အဲ့နှုတ်ခမ်းကို ကိုက်ချင်သည်။ 

မာန်တွေးနေရင်း အနားကိုဘယ်တုန်းက ရောက်လာမှန်မသိတဲ့ စက်ဘိးတစ်စိးနဲ့ ဟေမာ။

မာန်ကို မော်ကြည့်ပြိး သွားဖြဲပြသည်။

မာန်သက်ပြင်းချ ခိုးချမိသည်။

ဘားအံမှာ ဟိုကောင်တွေမရှိတုန်း မရမကလိုက်မည်လို့ ဆုံးဖြတ်ထားသည်။

အရာရာတိုင်းအတွက် Where stories live. Discover now