အရာရာတိုင်းအတွက်

712 21 0
                                    

#အပိုင်း - ၃၆

အရာရာတိုင်းအတွက်

"morning....."

မာန် အိမ်ယာထဲမှ မျက်လုံးမပွင့်တစ်ပွင့်နှင့် နိုးလာသည်။

ခရေရေမွှေးအနံ့ပျော့ပျော့လေးက ကိုယ့်နှားခေါင်းဝလာပြီး ကျယ်စယ်သည်။

ပြီးတော့ အပြုံးလေးနဲ့ နှုတ်ဆက်နေသည့် ဇနီးငယ်။

ဘာလိုလိုနဲ့ တစ်ချပ်ပြုံးလိုက်မိတာ အမှန်ပင်။

အကြောလေးဆန့်ပြီး ရေးချိုခန်းထဲ မာန်ဝင်သွားသည်။

ကိုယ်ပုံတူ မှန်ရှေ့ကို ရပ်ပြီး ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သည်။

ထိပ့်ထားအိမ်က ထွက်လာတော့ ပူနေသည့်ကိုယ့်မျက်နှာ။

ကိုယ့်က အရှက်မဲ့စွာ လုပ်ခဲ့သည့် အမှားကို ထိပ့်ထားသားအမိ ကလွှဲပြီး တခြားသူတွေသိသွားရင် ကိုယ့်မျက်နှာကို ဘယ်လိုထားပြီး ဘယ်လိုနေရမလဲ။

ပူပင်လှောင်ကျွမ်းနေပေမဲ့ အိမ်ရောက်တော့ ဘာလို့အဲ့အကြောင်းမေ့နေပါလိမ့်။

ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး ရှက်လည်ရှက်သည်။

မသိပေမဲ့ရယ်ချင်နေတာက တစ်ခြား။

ကိုယ့်စိတ်ကိုယ်လည်နားမလဲ။

‌သက်ပြင်းလေးချပြီး ရေဖွင့်ကာ ရေချိုးလိုက်သည်။

ရေချိုခန်းထဲ ထွက်လာတော့ ပုဝါလေးကိုင်ပြီး စောင့်နေသည့် ဇနီးငယ်။

ကလေးဆန်သည့် သူမ အပြုံး။

ဘာဖြစ်မှန်မသိ မာန်သွားလေးပေါ်အောင် ရယ်မိသည်။

ကလေးလို မြင်နေသည့် ကိုယ့်ဇနီးငယ်က အိမ်ရှင်မကြီးလို့ လုပ်နေတာ ဘယ်လိုမှ ခံစားလို့မရ။

ရယ်ချင်စိတ်က ထိန်းမနိုင်။

ဆရာဘာကြောင့်ရယ်မှန်တော့မသိဘူး။

ဟေ့မာတော့ အတော်ကိုပျော်နေသည်။

ဆရာ့အပြုံးကို မမြင်ရတာ ကြာလှပေါ့။

မာန် အင်္ကျီကြယ်သီးတပ်ရင်း ဒီတိုင်းငုတ်တုတ်ထိုင်နေသည့် ဇနီးငယ်အား

အရာရာတိုင်းအတွက် Tempat cerita menjadi hidup. Temukan sekarang