အရာရာတိုင်းအတွက်

737 22 0
                                    

#အပိုင်း - ၃၇

အရာရာတိုင်းအတွက်

"ဟစ်ခြူ့ ဝီသက် သလူး.... သလူ့း.... သလူး"

"အာရယ် အားရဲ့ သလူး... သလူး.... သလူး"

Black Pink သီးချင်းကို မပိကလာ ပိကလာနှင့် ဆိုနေသည်။

တံမြတ်စည်းကို အကောင်းမလဲ သီချင်းလေးဆိုလိုက် ကခုန်လိုက် အတော့ကို ပျော်နေသည်။

မာန်ပြန်လာတာကို သတိမရရှာပါ။

တံခါးမကြီး နားရပ်ပြီး ဟေမာဖြစ်နေပုံကို သွားပေါ်အောက် ရယ်နေသည်။

"အာရယ် အားရဲ့...ဝူး!!!!!"

ဖက်ခုံးလေးကိုလှုပ်ခါ လက်လည် အငြိမ်မနေ တစ်ကိုယ်လုံးလှုပ်ခါနေလျက်။

"အယ်... ဆရာ"

သွားကျဲလေးရယ်ပြရင်း ခဏက သူဘာမှမလုပ်ထားသလို့ မသိ့မသာ တံမြတ်စည်းကို ချပြီး အနားကိုရောက်သည်။

မရယ်အောင် ထိန်း‌နေပေမဲ့ ထိန်းမရ။

ရှက်လွန်လို့ ပါးနှစ်ဖက်က နီနေသည်။

မရှက်သလို ဟေမာက ဟန်ဆောင်နေပေမဲ့ မျက်နှာနီလေးကြောင့် သိနိုင်ပါသည်။

မာန်ဘာမှ ထပ်‌မပြောပါ။  မသိသလိုနေနေမိသည်။

_____________________________

မာန်ပြန်လာတိုင်း အိပ့်လေးကိုကူသယ်ပေးပြီး လက်မောင်းလေးကို အမြဲပိုက်ထားလေ့ရှိသည်။

ဇနီးတစ်ယောက်လို သဘောမထားနိုင်သေးပေမဲ့ ကျင့်သားတော့ရနေပါပြီး။

သူကလည်း ခင်ပွန်းတစ်ယောက်လို မဆက်ဆံသလို အရင်က ဆရာတစ်ယောက်လို ချစ်ပြီး လေးစားမြဲလို့ ခံစားမိသည်။

မရင့်ကျက်သည့် ကလေးငယ်မို့ မာန်နားလည်ပေးသည်။

ကျောင်းကိစ္စလည် မာန်ဘာမှ သိမ့်မမေးပါ။

သူ့ကို ချုပ်ခြယ်ဖို့လည် စိတ်ကူးမရှိ။

လွှတ်လွှတ်လပ်လပ်ထားသည်။

ကျောင်းကိစ္စတွေ ဟိုဟိုသည်သည်မေးရင် ဖြေရခက်မှာဆို၍ မမေးဖြစ်တာ များသည်။

ကျောင်းသို့ပို့ရင် ဘိုင့် ဘိုင့် ဆရာ ဆရာ လို့ နှုတ်ဆက်သည့်မို့ ကိုယ့်က သူ့ခင်ပွန်းမှန် ဘယ်သူမှ မသိနိုင်ပါ။

အရာရာတိုင်းအတွက် Where stories live. Discover now