အရာရာတိုင်းအတွက်

689 22 0
                                    

အပိုင်း - ၃၁

#အရာရာတိုင်းအတွက်

"သူဌေး ဉဣဌကြီးခေါ်နေတယ် ခင်ဗျား"

မာန် စာရင်းတွေ စစ်နေတုန်း အတွင်းရေးမှူးလာခေါ်သည်။

စာရင်းစာရွက်လေးကို လှမ်းရင်းနှင့် အတွင်းရေးမှူးကို ကြည့်ကာပြန်မေးလိုက်သည်။

"ဒယ်ဒီက ဘာကိစ္စရှိလို့လဲ အရေးပေါ်ဖြစ်ပြန်ပြီးလား"

"အရေးပေါ်မဟုတ်ပါဘူးအမှာစကားပြောချင်လို့တဲ့"

"အမ် စာရင်းတွေ ဆက်စစ်လိုက်နော် ငါသွားလိုက်ဉီးမယ်"

"ဟုတ်ကဲ့"

မာန် စာရင်းထားခဲ့ပြီး ထွက်လာခဲ့သည်။
________________________

"ဒယ်ဒီခေါ်တယ်ဆို"

ဉီးဝင်း ခုတင်ခေါင်းရင်းမှာ ခေါက်းအုပ်ထောင်ထားရင်း မှီထားကာ ထိုင်နေသည်။

မာန်ရောက်လာတော့ မာန်ကို စာရွက်တစ်ခု ပေးသည်။

မာန်က အဲ့စာရွက်ကို ယူလိုက်ပြီး

"ဒါက "

"ဟုတ်တယ်သား Familyဆေးရုံကြီးကို သားလက်ထဲအပ်လိုက်ပြီး"

"ဟုတ်ကဲ့ သားကြိုးစားပြီး ထိန်းသိမ့်ပါ့မယ် ဒယ်ဒီ"

"ပြီးတော့ ဒယ်ဒီတောင်းဆိုစရာလဲ ရှိသေးတယ်"

"ပြောလေ ဒယ်ဒီ"

မာန်က ဉီးဝင်းခုတင်နားတွင် ထိုင်နေလျက်။

"သားကို ဒယ်ဒီ သမီးလေးဟေမာနဲ့ လက်ထပ်စေချင်တယ် "

"ဗျာ"

"ဟုတ်တယ်သား မာမီတို့ လူကြီးတွေကို ပြောထားပြီးသွားပြီး သမီးလေးဟေမာကိုလဲ ပြောထားပြီးသွားပြီး"

"ဟေမာက လက်ခံလိုက်တာလား မာမီ"

"သူစဉ်းစားဉီးမယ်တဲ့"

"ငယ်သေးတယ်လေ သူကခုမှ ဆယ်တန်းဖြေထားတာ လက်ထပ်လိုက်ရင် သူရဲ့ရည်မှန်းချက်တွေ ..မဖြစ်သေးပါဘူးမာမီ သားလက်မထပ်ချင်ဘူး"

"သားရယ် ဒယ်ဒီစကားကို ဒီတစ်ခါပဲ နားထောင်ပေးပါနော် နောက်ဒယ်ဒီဘာမှ တောင်းဆိုတော့မှာ မဟုတ်ဘူး ဒယ်ဒီလဲ ဒီလောကကြီးထဲကနေ ဘယ်တော့ ထွက်သွားရမလဲလည် မသိနိုင်ဘူး"

အရာရာတိုင်းအတွက် Where stories live. Discover now