အရာရာတိုင်းအတွက်

656 20 0
                                    

အပိုင်း - ၂၀

#အရာရာတိုင်းအတွက်

"ကိုမာန်ပါလား"

"အမ်"

"ထိပ့်ထားကိုလာတွေ့တာလား"

"သူအခန်းက ဘယ်ခန်းလဲ"

"လာပါ ကျွန်တော်လိုက်ပို့ပေးမယ်"

"ချစ်လေး ချစ်သူငယ်ချင်းလာတွေ့တယ်"

တံခါးနားကနေ တေဇထိပ့်ထားကို လှမ်းပြောသည်။

မာန်က တေဇနားတွင် ရပ်နေသည်။

"တံခါးလေးလာဖွင့်ပါဉီး"

"လာပြီး ခဏ"

အပြုံးလေးနှင့် ထိပ့်ထားတံခါးလာဖွင့်သည်။

"မာန်"

အပြုံးတွေ ပျောက်သွားခဲ့သည်။

တေဇက အပြုံးမပျက်။

"ပြောစရာတွေ ရှိမှာပေါ့ ကိုယ့်ကိုခွင့်ပြုဉီးနော် "

"အင်"

ထိပ့်ထားတေဇကို ခေါင်းငြိမ့်ပြသည်။

မာန်က အတွေးများစွာနှင့် ။

"ဝင်လာလေ မာန်"

"အမ်"

"ခဏလေးနော် ငါကော်ဖီ သွားယူလိုက်ဉီးမယ်"

"အမ်"

မာန်အခန်းကိုဝှေ့ပတ်ကြည့်လိုက်သည်။

အခန်းက အရမ်းကိုလှသည်။

ကျယ်လဲကျယ်သည်။

"ကော်ဖီသောက်ပါဉီးမာန်"

ဆိုဖာခုံ မျက်နှာချင်းဆိုင်ခုံမှာ ထိပ့်ထားဝင်ထိုင်သည်။

မာန်ကော်ဖီကို လက်နှစ်ဖက်နှင့် ကိုင်ရင်း။

"နင် တေဇနဲ့ တွဲနေတာလား"

ထိပ့်ထားမျက်လုံးကို အကြည့်မရွေ့ပဲ စိမ့်စိမ့်ကြည့်သည်။

ထိပ့်ထား မျက်စံတွေ မငြိမ်ဖြစ်နေသည်။

လက်လေးကို စုပ်ထားရင်းနှင့်။

ဘယ်လိုပြောရမလဲမသိ။

"ငါနဲ့နင် ဒီကာလတွေမှာ သိမ့်မတွေ့ဖြစ်ဘူးနော်"

"အမ်"

ထိပ့်ထား နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးကိုက်ပြီး ခေါင်းငြိမ့်သည်။

အရာရာတိုင်းအတွက် Where stories live. Discover now