အရာရာတိုင်းအတွက်

949 28 0
                                    

အပိုင်း - ၄

#အရာရာတိုင်းအတွက်

ဟေမာ  အခန်းပြတင်ပေါက်ဖွင့်ပြီး  စာကျက်သည်။

အခန်းပြတင်ပေါက်က လမ်းမဘက်တွင် မျက်နှာမှုထားသည်။

နှစ်ထပ်အိမ်မို့ မျက်နှာချင်းဆိုင် တိုက်ပုအိမ်ကို အကုန်မြင်နေရသည်။

တိုက်ပုအိမ်ရှေ့မျက်နှာသာတွင် အပေါ်ပိုင်းဗလာကျင်းနဲ့ မာန် ဖုန်းပြောရင်းထွက်လာသည်။

"အေး အဆင်ပြေပါတယ်ကွာ"

"..................."

"တစ်ယောက်ထဲပေါ့ကွ "

"......................"

"အပြင်မှာ စားတယ်တယ်"

"................."

"မလိုပါဘူး ငါ့ကောင်တွေရာ ငါအဆင်ပြေပါတယ်"

ရယ်ရင်း စကားပြောနေသည်။

ဟေမာ စာကျက်ရင်း ရပ်တန့်သွားသည်။

" ဟယ်ဆရာ "

အလှမ်းဝေးတော့ သေချာမမြင်ရ။

"ဟုတ်တယ် ဖေကြိးလာတုန်းက ဝယ်လာပေးတဲ့ မှန်ဘိလူး ဟုတ်ပြီး ခုတော့အသုံးဝင်လာပြိး"

မှန်တင်ခုန် အံဆွဲထဲက သိမ်းထားတဲ့ မှန်ဘိလူးကိုထုတ်ပြီး ရုပ်ပုံချဲကာ ပြတင်းပေါက်ကနေ ခိုးကြည့်သည်။

"အိုးမိုင်ကော့ ဆရာ့ရဲ့ body အမိုက်စားပဲ ဟိုမိန်းမတွေရေး ငါကံကောင်းလိုက်တာ ဟိဟိ"

ကြိတ်ပြိးပျော်နေသည်။

__________________________________

"ဆရာ့.... ဆရာ့.. ဆရာမာန်"

အနောက်မှာ အဖြူအစိမ်းနှင့် စက်ဘီးကိုတွန်းပြိး အပြေးတစ်ပိုင်းနဲ့ မာန်ကိုအော်ခေါ်နေသည်။

မာန်လှည့်ကြည့်လိုက်သည်။

ဘာပြောမလဲဆိုပြိး စောင့်ပေးနေလိုက်သည်။

ဆံပင်ကုပ်ဝဲလေးနဲ့ ကိုယ်ခန္ဓာပိန်းပိန်းပါးပါးလေး။

မျက်နှာဝိုင်းဝိုင်းဆိုပေမဲ့ မေးဖျားချွန်သလိုလိုရှိသည်။

မာန်အနားကို ရောက်လာပြိး အသက်ကို အငတ်မရရူနေသည်။

မာန်သေချာကြည့်တော့ မနေ့က  အတန်းထဲကအူကြောင်ကြောင်ကောင်မလေး။

အရာရာတိုင်းအတွက် Where stories live. Discover now