အရာရာတိုင်းအတွက်

718 22 0
                                    

#အပိုင်း - ၃၅

အရာရာတိုင်းအတွက်

"မရှိဘူးရှင် ဖယ်ပါ ထွက်ထွက်"

"မိန်းမကလည်ကွာ ၁ သိန်းလောက်ပါပဲ"

ဉီးထိပ်ခေါင်ဉီး နှင့် ဒေါ်ထားထားစံ တို့ ငွေရှင်းသည့်နေရာမှာ အညင်းပွားနေတုန်း မမြင်ချင်သော သူတစ်ဉီးကို မြင်လိုက်ရတဲ့အချိန်။

"အန်တီမေ နေကောင်းလား"

"အ..အမ် ကောင်းပါတယ် လူလေးရော ‌နေကောင်းပါတယ်နော်"

"ဟုတ် ဒါနဲ. ထိပ့်..."

"အိမ်ထောင်ရေး အဆင်ပြေတယ်မလား ပစ္စည်းလာဝယ်တာလား လိုက်ကြည့်လေ"

မာန်မှာ ပြောဖို့ လိုရင်းကိုမရောက် စကားပျက်လိုက်မှန် သိပါသည်။

ဉီးထိပ်ခေါင်က ရစ်တည်တည်နှင့် ထွက်သွားပါပြီး။

"ကျွန်တော်ပစ္စည်းလာဝယ်တာ မဟုတ်ပါဘူး ထိပ့်ထားကို လာရှာတာပါ အန်တီမေတို့ အိမ်ပြောင်းတယ်လို့လဲ ကြားတယ် စတိုးဆိုင်ဖွင့်ထားတယ်ကြားလို့ လာကြည့်တာလဲပါတယ်"

"သြော် အမ်ပါ အဒေါ်တို့အဆင်ပြေပါတယ် အိမ်မှာ ထိပ့်ထားလည်မရှိဘူးကွဲ့ လာကြည့်ပြီးပြီးဆိုလည် ပြန်ပါတော့နော် သမီးချစ်သူတွေ့ရင် တစ်မျိုးထင်မှာဆိုလို့ပါ"

"ဟုတ်ကဲ့ ထိပ့်ထားပြန်လာရင်ပြောပေးနော် ကျွန်တော်လာရှာသွားတယ်လို့ "

"အမ်ပါ"

အန်တီမေ စကားတွေက မာန်အပေါ်  စိမ်းကားလွန်းပါသည်။

သဘောမကျခဲ့ရင်တောင် အရင်က သံယောဇဉ်ကို ထောင့်ပြီး ချိုသာရင် ကောင်းမည်။

ငွေက လူကိုပြောင်းလဲစေတာ ဒါမျိုးကိုလားလို့ တွေးမိသည်။

မာန်ဘာမှမပြောလိုပါ သူတို့ပြည့်စုံပြီးတော့လည်း ကောင်းပါပေါ့။ 

ထိပ့်ထားကို တွေ့ချင်တာလည် တစ်ခြားမဟုတ်။

နှလုံးသာစေခိုင်းတဲ့အတိုင်း လာရောက်ကြည့်ခြင်းဖြစ်သည်။

ကိုယ့်ကိုမလိုလားတဲ့ သူ့မိသားစုကြောင့် မာန်လည်ဆင်ခြင်သင့်ပြီး ထင်သည်။

အရာရာတိုင်းအတွက် Donde viven las historias. Descúbrelo ahora