အရာရာတိုင်းအတွက်

646 21 0
                                    

အပိုင်း - ၁၇

#အရာရာတိုင်းအတွက်

"ဟေမာ စာအုပ်ထုတ်ထားနော် "

အခန်းထဲမှာ ကြယ်သီးတပ်နေရင်း မှန်ကိုကြည့်ကာ ဟေမာကို လှမ်းအော်သည်။

ဧည့်ခန်းက ဘာသံမှထွက်မလာခဲ့ပေ။

"ဟေမာ ခေါ်နေတယ်လေ ဟေမာ"

ဘာအသံကိုမှမကြားရ။

မာန်အရင်ကဆို အဲ့လိုပြောတိုင်း

"အဆင်သင့်ပါဆရာ"လို့ ပြန်ပြော တတ်သည်။

မာန်ထွက်ကြည့်သည်။

ဧည့်ခန်းက မနေ့ကအတိုင်းပင်။

နံရံဘေးကို ရောက်နေသည့်ခုံ။

ကြမ်းပြင်ကိုကြည့်တော့ ပြန့်ကျဲနေသော ဖန်ခွက်စတွေ။

"ဟုတ်သားပဲ မနေ့က ငါအော်လိုက်လို့ မလာဘူးထင်တယ် ဟူး"

မာန်သက်ပြင်းချမိသည်။

ဧည့်ခန်းကို ရှင်းပြီး လမ်းထိပ်ကို ထွက်လာခဲ့သည်။

အလိုလိုက်ခံနေရသည့်ကလေးကို အများကချစ်ပြီး နူးညံနေသောကလေးကို ကိုယ့်က ဒေါသတွေနဲ့ ငေါက်လိုက်မိတာကို မာန်နောင်တရမိသည်။

သူ့အိမ်ကို အရင်လို မနက်စာ သွားစားဖို့ မာန်သတ္တိမရှိပေ။

________________________________

"ဒေါက် ...........ဒေါက်"

တံခါးကို ဘွားမေက ‌ခေါက်လိုက်သည်။

"မြေး အခန်းထဲမှာဘာလုပ်နေတာလဲ ကျုရှင်ချိန်ရောက်နေပြီးလေ"

"ဟေမာမသွားချင်ဘူးဘွားဘွား"

"ဘာဖြစ်နေတာလဲ ဘွားဘွားကိုတံခါးလာဖွင့်ပါဉီး"

"ဗိုက်နည်းနည်းအောင့်လို့ ဟေမာသိမ့်မထနိုင်ဘူးဘွားဘွား"

"ဟမ် ဘွားကိုတံခါးဖွင့်စမ်း ဘာတွေစားထာတာလဲ မတည့်တဲ့ဟာစားမိပြန်ပြီးလား အရမ်းအောင့်နေလား တံခါးဖွင့်စမ်းပါ"

"နည်းနည်းပါပဲ ‌ဟေမာဆေးသောက်ပြီးပြီးဘွားဘွား ‌တစ်ချက်လောက်မှေးပြီးရင် သက်သာလာမှာပါ"

"ဟုတ်ရဲ့လား မိဟေမာ ညည်းပေါ့ပေါ့တန်တန်မလုပ်နဲ့နော် စာမေးပွဲက နှစ်ဝက်ရောက်နေပြီး ဘွားစိတ်ပူတယ် "

အရာရာတိုင်းအတွက် Tempat cerita menjadi hidup. Temukan sekarang