အရာရာတိုင်းအတွက်

1.1K 23 0
                                    

အပိုင်း - ၃

#အရာရာတိုင်းအတွက်

အခန်းထဲတွင် စာကျက်သံ စကားပြောသံများနှင့် ဆူညံနေသည်။

ဟေမာတို့အုပ်စု နောက်ဆုံးတန်းတွင် မုန့်ခိုးစားနေကြသည်။

"ဟဲ့ ငါလေ"

"ငါအရင်စားမယ်"

ဟေမာက  ‌ခုံအောက်ခေါင်းထိုးပြိး တိုးတိုးလေးပြောသည်။

"ဖူးသစ် ဆရာမကိုကြည့်ထားပေး"

"အမ်"

"တော်ပြိးလေ ငါ ...ငါကလဲ့လေဟယ်"

ဆောင်းဟေမာနှင့် လှသဇင်တို့ မုန့်လုစားနေကြသည်။

"ဆရာမ..  ဆရာမ...လာပြိး သိမ်းသိမ်း မြန်မြန်"

ဆရာမနောက်တွင် မာန်ပါလာသည်။

ဟေမာတံခါးဘက်ကိုမော့အကြည့် မာန်အဝင်နဲ့တိုက်သွားသည်။

ဟေမာပါးစပ်အဟောင်းသာဖြစ်သွားသည်။

မာန်ရဲ့မျက်နှာမှာ နေရောင်ခြည်များဖြာထွက်လာသည်။

မာန်စကားပြောချိန်မှာ ပါးစပ်လှုပ်နေတာလေးကို ငေးကြောင်နေမိသည်။

ချောလိုက်တာဟယ် နတ်သားများ ကောင်းကင်ပေါ်က ကျလာတာလား။

အတွေးတွေနဲ့မျော်နေသည်။

ဘေးကို ယိုင်သွားမှသတိဝင်လာသည်။

ခုံအပြင်ကို သူမရောက်နေသည်။

အတန်းကလူတွေ ဟေမာကို လှည့်ကြည့်လာကြသည်။

ဟော် လာပြိး လာပြိး ငါ့အနားကို အလင်းတွေဆူးရှလိုက်တာ ။

"သမီး"

"ဟမ်"

မျက်လုံးပြူးလာပြိး မျက်ခုံးပင့်ကာ မာန်ကိုမော့ကြည့်သည်။

ပြုံးလဲပြုံးထားသည်။

ဒိကလေးမ တတ်နေတာလား။

မာန်သေချာကြည့်သည်။

"သမီး"

"ဟမ်"

နောက်တစ်ခါခေါ်တော့ မျက်လုံးကပိုပြူးလားပြီး မျက်ခုံးအပေါ်ထပ်တတ်လာသည်။

အရာရာတိုင်းအတွက် Where stories live. Discover now