အရာရာတိုင်းအတွက်

640 15 0
                                    


အပိုင်း - ၂၆

#အရာရာတိုင်းအတွက်

"ကိုကို"

"ပြောလေ ညီမလေး"

"ဟေမာရဲ့ဆရာကို သိလားဟင်"

"ဘယ်ဆရာလဲ"

"ဆရာမာန်မာနလေ"

"မာန်မာန..... မာန်မာန ....."

ဟေမာပြောသောနာမည်ကိုတွေးနေ၍ ရေရွတ်ရင်း ကားဆက်မောင်းနေသည်။

"ကိုကိုမသိတာလားဟင် ဟေမာကို စာသင်ပေးတာလေ "

"သြော် .....သိပြီး"

"သိပြီးလား ကိုကိုနဲခင်လား"

"မခင်ပါဘူး မြင်လဲမမြင်ဖူးဘူး ကိုကိုက သူ့အဖေနဲ့ပဲသိတာ"

"ဟုတ်လား ဟေမာလေ ဆရာ့ကို သတိရနေတာ ကိုကိုသိရင် ဆရာ့အိမ်ကို လိုက်ပို့ခိုင်းမလို့"

"ခုကိုကို ရွှေတီဂုံ ဘုရားဘက်သွားနေတာနော်"

"ဟုတ်ကဲ့ ဟေမာသိပါတယ် ဘုရားဖူးပြီး ပြန်ကြတာပေါ့ တစ်နေကုန်လျှောက်လည်ထားတာ ဟေမာပင်ပန်းနေပြီး"

"အေးပါ မနက်ဖြန်လျှောက်လည်ဉီးမလား"

"မသိသေးဘူး...... မနက်ဖြန်ကိုကို ဆေးရုံမှာ ဆေးတွေတင်ရမယ်လို့ ဖေကြီးပြောတာ ဟေမာကြားလိုက်တယ်လေ စဉ်းစားကြည့်ဉီးမယ် "

"စဉ်းစားပါကွာ.......  သြော်..ကိုကို ...မနက်ဖြန်ဆေးတွေတင်မဲ့ ဆေးရုံထဲမှာ ညီမလေးဆရာဆေးရုံလဲပါတယ်"

"ဟမ် ...ဟုတ်လား"

"ညီမလေးဆရာရဲ့ အဖေက ဆေးရုံတတ်နေတာလေ ဆရာကိုတွေ့ချင်ရင် လူနာသွားမေးရင်း တွေ့နိုင်တာပဲလေ"

"ဟုတ်တယ်နော် ကိုကို ဟေမာလိုက်မယ်လေ ကိုကိုသွားရင် ခေါ်နော်"

"စိတ်ချ သေချာပေါက်ကို ခေါ်မှာ"

"အဟိ ..ကိုကိုက ကမ္ဘာမှာ ဟေမာရဲ့အကောင်းဆုံးကိုကိုပဲကွ"

_____________________________

"ဉီးဝင်း သက်သာလား"

ခုတင်ပေါ်လဲနေသည့် ဉီးဝင်နှင့် ဒေါ်စိန်က အနားမှာ ဉီးဝင်းလက်လေးကို ကိုင်ရင်း စကားစမြည်းပြောနေကြသည်။

အရာရာတိုင်းအတွက် Where stories live. Discover now