အရာရာတိုင်းအတွက်

653 21 0
                                    

အပိုင်း - ၁၅

#အရာရာတိုင်းအတွက်

"တီ ..တီ"

ထိပ်ထား ဘေးကနေပြီး မာန်ကားဟွန်းတီးလိုက်သည်။

"မာန်"

"ပြန်မယ်မလား ကားပေါ်တတ်"

"မတတ်တော့ပါဘူး ဝင်စရာလေးရှိလို့"

"ရပါတယ် နင်ဝင်တဲ့နေရာမှာ ငါရပ်ပေးပါ့မယ် လာတတ်"

"မလိုပါဘူးဟာ ငါပါငါ သွားမယ်"

"မရဘူး လိုက်ခဲ့"

မာန်က ကားပေါ်ကဆင်းလာပြီး ထိပ့်ထားလက်ကိုင်ပြီး ဆွဲခေါ်သည်။

"ထိပ့်ထား"

"ကိုတေဇ"

"ကျောင်းဆင်းပြီးလား"

မာန် တေဇမော်မျက်နှာကို စိမ့်စိမ့်ကြည့်သည်။

ထိပ့်ထားလက်ကိုမလွှတ်သေး။ ထိပ့်ထားက သူ့မလက်ကို အသားလေးရုံးလိုက်သည်။

တေဇကို ပြုံးပြ၍

"ကိုတေဇ ဘယ်ကပြန်လာတာလဲ"

"ထိပ့်ထားကိုလာခေါ်တာလေ"

"ရှင်"

ထိပ့်ထားတံထွေးမျိုချပြီး မသိမသာနှင့် မာန်မျက်နှာကိုကြည့်သည်။

"သြော် မေ့နေတာထင်တယ် မနေ့ကကျွန်တော်ပြောထားတယ် ဧည့်သည်တစ်ယောက်က ထိပ့်ထားကိုတွေ့ချင်လို့ .."

"ငါလိုက်ပို့မယ်ထိပ့်ထား"

"ကိုမာန်မလိုက်ပို့လဲ ဖြစ်ပါတယ် ကျွန်တော်နဲ့လဲ ချိန်ထားလို့"

"ဟုတ်ပါတယ်မာန်ရယ် နင်မလိုက်ပို့နဲ့တော့နော် နောက်နေ့မှ တွေ့ရအောင်"

"ရတယ် ငါလိုက်ပို့လို့ဖြစ်တယ် ဘယ်နေရာလဲပဲပြော"

"မာန် နင်ဘယ်လိုဖြစ်နေတာလဲ နောက်မှတွေ့ကြတာပေါ့ ငါကိစ္စလေးရှိနေတယ်လေဟာ"

"ဒါမဲ့"

"မာန် နောက်မှအေးဆေးတွေ့ရအောင်နော် ဒီရက်နင်ငါ့ကိုလိုက်မပို့ဖြစ်ရင် နောက်ရက်လိုက်ပို့လို့ရတာပဲ ခုငါ‌ ကိုတေဇ နဲ့ လိုက်သွားမယ်"

မာန်ဘာမှမပြောပေ။

တေဇက မာန်ကိုမဲ့ပြုံးလေးနှင့် နှုတ်ဆက်သွားသည်။

အရာရာတိုင်းအတွက် Where stories live. Discover now