အရာရာတိုင်းအတွက်

743 21 0
                                    

#အပိုင်း - ၃၈

အရာရာတိုင်းအတွက်

ဟေမာကျောင်းက ပြန်လာတော့ ဆရာကားကို တွေ့ခဲ့သည်။

ဆရာပြန်ရောက်နေပါပြီး။

၁နာရီဆို အိမ်ကိုရောက်နေကျပင်။

ဆရာက ညနေ ၅နာရီလောက်မှ အိမ်ပြန်လာလေ့ရှိသည်။

ဒီနေ့က ဆရာစောနေသည်။ 

အိသဇင်ပြောသလို ဖြစ်နေတာလား။

ဖူးဖူးသစ်နှင့် လှသဇင်က နယ်မှာမို့ မတွေ့ဖြစ်ပေမဲ့ ကျောင်းတတ်တော့ သူငယ်ချင်းအသစ်နှင့် ဆုံသည်။

သူတို့နှစ်ယောက်ကိုလည်း ဖူးသစ်နှင့် လှသဇင်ကို ချစ်ခင်သလို ခင်မင်သည်။

အမြဲတမ်းသူတို့နှစ်ယောက်နှင့်ပဲတွဲလေ့ရှိသည်။

အိသဇင်နှင့် လှမျိုးနွယ်။

နာမည်တွေကလည်း ငယ်ဟောင်းတွေနှင့် ခပ်ဆင်ဆင် အကျင့်တွေလည်းမကွာပေ။

ချောတဲ့လူတိုင်းကို ငမ်းတတ်ကြသည်။

ဆရာ အပါအဝင်ပင်။

ဟေမာက အိမ်ထောက်သည်မို့ အရင်က အကျင့်တွေကို မပြုလုပ်တော့ပါ။

သူတို့က ဟေမာကို ရိုးတဲ့လူလို့ထင်နေကြသည်။

"နင့်ဆရာက နင့်ကို သိမ့်ချစ်ပုံပဲနော် မနက်တိုင်းကျောင်းလာပို့တာ အားကျတယ်"တဲ့။

ဟေမာပြုံးရုံသာ ပြုံးပြသည်။

သူတို့တွေကလည် ဆရာနှင့်ဟေ
မာကို သမီးရည်းစားလို့ ထင်နေကျသည်။

ဟေမာက ဆရာနှင့်သူအကြောင်းကို မည်သူကိုမှ မပြောတာကြောင့် ဘယ်သူမှမသိကြ။

ဒီနေ့ အိသဇင်ပြောပြလိုက် အဖြစ်အပျက်က......

"ဟေမာ"

"ပြောလေ အိ "

"ဟဲ့ အိ နင်ဒီနေ့နောက်ကျတယ်နော် မုန့်ဝယ်ကျွေးရမယ်"

"ဝယ်ကျွေးတာ အသာထား လှမျိုး ငါဟေမာကို အရေးကြီးတာ ပြောပြမလို့"

"ဘာအကြောင်းလဲ ပြော"

"ဟေမာ့ဆရာ အကြောင်း"

အရာရာတိုင်းအတွက် Where stories live. Discover now