အရာရာတိုင်းအတွက်

643 15 0
                                    

အပိုင်း - ၂၃

#အရာရာတိုင်းအတွက်

"ရော့..."

"အင့်"

"ရော့"

"ကဲဟာ  ..အား!!! မမှိဘူး ကိုကိုသုတက အမြင့်ကြီးကိုရိုက်နေတာကိုး"

"အေးပါ  အားလျော့ပေးမယ်"

"နိမ့်နိမ့်လေးလုပ်ပေး မမှီဘူး"

"အမ်ပါ"

ဟေမာ အိမ်ရှေ့တွင် သုတနှင့် ကြက်တောင်ရိုက်နေသည်။

မြတ်မင်းက စာပေသမားမို့ ဘွားမေနှင့် အပြောကောင်းနေသည်။

မာန်က ဟေမာရဲ့စာတွေ စစ်နေရသည်။

ဝဏက ‌ခြံထဲတွင် ယောင်လည်လည်နှင့်။

စာစစ်နေ၍ တိတ်ဆိတ်မှူကို မာန်လိုလားသည်။

အိမ်ရှေ့က ဟေမာနှင့်သုတ အသံကြောင့် စိတ်အနှောက်အယှပ်ဖြစ်၍ ထလာကာ သူတို့ရှိနေတဲ့နေရာက်ု မာန်ရောက်လာသည်။

ယောက်ျားသားတွေ ရှိနေသည်မို့ အိမ်ကိုပေးမလာခိုင်းပဲ ဟေမာအိမ်ကို စာသွားသင်ပေးသည်။

သူတို့သုံးယောက်ကို အိမ်မှာနေခိုင်းတာ မနေကြ။

ဟေမာတို့အိမ်လာချင်နေကြသည်။

ဟေမာတို့ ခြံက မာန်တို့ခြံထက် ကျယ်သည်တဲ့လေ။

စာသင်ချိန်မှာ ဘွားမေနဲ့ စကားတွေပြောနေကြသည်။

စာသင်ပြီးတော့ ဟေမာက ကြက်တောင်ရိုက်ချင်တယ်တဲ့။

သုတက ကူ ကစားပေးသည်။

အဲ့လိုဝါသနာက သုတသာရှိနေလို့ပင်။

ကျန်တဲ့နှစ်ယောက်က သဘာဝကို မြတ်နိုးသူနှင့် စာပေကို ရူးသွပ်သူ။

ကစားရတာ ဝါသနာမပါပေ။

ဟေမာလဲ သုတနဲ့တွေ့မှ တစ်ပူးပူးတတွဲတွဲနှင့်။

"ဖြည်းဖြည်း တောက်နော်"

"ဟေး နင်ခေါင်းမငုံ့ထားနဲ့လေ မော့ထား"

"ကိုကိုသုတက နာနာတောက်မှာကိုး"

နှုတ်ခမ်းလေးကိုဆူထားရင်းနှင့်။

အရာရာတိုင်းအတွက် Where stories live. Discover now