အရာရာတိုင်းအတွက်

856 23 0
                                    

#အပိုင်း - ၄၂

အရာရာတိုင်းအတွက်

"ဟဲလို..  ပြောလေ ထိပ့်ထား"

".........."

"ဟမ် ဘယ်လို ခဏ ငါလာခဲ့မယ် "

".............."

"မငိုပါနဲ့ ဟာ"

"........"

"အေး ...... တိတ်တော့ ခု ငါလာနေပြီး"

ထိပ့်ထားက မခေါ်စဖူးဖုန်းခေါ်လို့ ကိုင်လိုက်ပါသည်။

သူက ငိုယိုလျက်။

ထိပ့်ထားငိုနေရင် ဘာမှမကိုင်ထိပဲ ဖြစ်တတ်တာ ငယ်ငယ်ထဲကပင်။

အလုပ် လုပ်နေသည်မို့ ချက်ချင်းထပြီး ဖုန်းကိုင်လျက် ကားဆီပြေးလာသည်။

__________________________

ထိပ့်ထား ဘာလုပ်ရတော့မလဲ မသိတော့ပါ။

မောင်လေးက ဆေးမိတာ များလို့ နှစ် ၂၀ ထောင်ကျမှာတဲ့။

ကျောင်းဆရာမ အလုပ်ကနေလဲ ထွက်လိုက်ပြီး။

ဗိုက်မှာလည် ကလေးက ရှိနေသည်။

ခုထိ မေမေက မသိသေးပါ။

ကိုယ့်မှာ မှီခိုရာ စတိုးဆိုင်သာ ရှိတော့သည်။

တေဇမော် မေမေပေးသော ပိုက်ဆံကိုလည် ပြန်ပေးလိုက်ပါပြီး။

"ဖေဖေက လောင်းကစားကို ခုထိလုပ်နေလို့ ဖြစ်ရတာ။

ခုစတိုးဆိုင်ကို သိမ်းပြီးလေ

ခု ဘာလုပ်စားကြမလဲ...။

ဟမျ...။ "

ဉီးထိပ့်ခေါင်ဉီးက ဆေးပေါလိပ့်ကို ဖွားရင် အေးဆေးထိုင်နေသည်။

မေမေကလည် သားဇောနှင့် ခုထိ အိပ့်ယာထဲ လဲနေတုန်းပင်။

ပူလောင်ဆုံးက ထိပ့်ထားတစ်ဉီးပင်။

ခုလက ဘာလလဲ။

ဘာလို့ သတင်းဆိုးကြီး ဆက်တိုက် ကြားနေရတာလဲ။

ဒုက္ခကြီးပဲ ဘာလို့ ဆက်တိုက် ဖြစ်လာရတာလဲ။

ဝမ်းနည်းရင် မှီခိုစရာ ရင်ခွင်က မာန်ပါ။

ခုချိန်မှ အလိုအပ်ဆုံးက မာန်ပါ။

မာန်ထက် တေဇရင်ခွင်ကို ပိုမှီခိုချင်ပေမဲ့ သူက ဖုန်းနံပါတ်တောင် အသစ်ပြောင်းလိုက်ပြီး။

အရာရာတိုင်းအတွက် Où les histoires vivent. Découvrez maintenant