အရာရာတိုင်းအတွက်

678 19 0
                                    

အပိုင်း - ၁၂

#အရာရာတိုင်းအတွက်

မာန်မနက်ကတဲ့က ထိပ့်ထားအဆောင်ရှေ့ကို ရောက်နေခဲ့သည်။

ထိပ့်ထားဆင်းလာမည့်အချိန်ကို စောင့်နေခဲ့‌သည်။

၈နာရီမှ ထိပ့်ထားဆင်းလာသည်။

ဝမ်းဆက်အဖြူကိုမှ အပြာရောင်ပန်းပွင်းကြီးကြိးများနှင့် ခြယ်ထားသည့် ချိတ်ကို ဝတ်ထားသည်။

ဆံပင်ကို အပေါ်တစ်ဝက်စည်းထားပြိး ဖဲပြားအ‌ပြာရောင်နှင့် ညှပ့်ထားသည်။

အောက်ဘက်ကို ဖျပ့်ချထားသည်။

ဘယ်အချိန်ကြည့်ကြည့်သူမက လှသည်။

"ထိပ့်ထား"

"မာန် စောင့်နေတာကြာပြိးလား"

"သိမ့်မကြာသေးပါဘူး ဟိုလေ နင်ဘာလိုပြန်မလာပဲဒီမှာဆက်နေတာလဲ"

"ငါတို့ ဆိုင်တစ်ခုမှာ ပြောကြရအောင်လေ "

မာန်ခေါင်းငြိမ့်ပြိး။

"ဒါဆိုကားပေါ်တတ်လေ "

ထိပ့်ထားကို ကားတံခါးဖွင့်ပေးသည်။

"ကြာကြာတော့ပြောမရဘူးနော် မာန် ငါ၉နာရီအရောက်သွားရမှာ"

"အမ်"
___________________________

"နင်ဘာမှာမလဲ မှာလေ ငါရှင်းမယ်"

"တကယ် ငါအဝစားမှာနော်"

"စားပါ"

ထိပ့်ထားဆီက ကြည်ကြည်ဖြူဖြူနဲ့ ကျွေးတာ မာန်မတွေ့ဖူးသေးပါ။

စိတ်ကောင်းတုန်းစားကြတာပေါ့။

"ငါဒီမှာအလုပ်ရနေတာ တစ်လ၅သိန်းနဲ့လေ အဲ့ကြောင့်အိမ်မပြန်ဖြစ်တာ"

"အော် ဟိုကောင်နဲ့လား"

"ဟိုကောင်လို့မပြောပါနဲ့ သူ့နာမည်က တေ‌ဇမော်"

"အမ်ပါ မှတ်ထားလိုက်မယ်"

"ကိုတေဇက ငါ့သူဌေးလေ "

မာန် စားနေရင်းမျက်လုံးပြူသွားသည်။

"ဘယ်လို သူဌေး"

"အမ်လေ"

ထိပ့်ထားက ပြုံးပြီးဖြေသည်။

"သူ့မှာ အတွင်းရေးမှူးမရှိလို့တဲ့ အဲ့တာ ငါ့ကိုသူ့အတွင်းရေးမှူလုပ်စေချင်တယ်တဲ့ တစ်လ၅သိန်းဆိုတော့ အဆင်ပြေတာပေါ့ ငါ့လစာနဲ့ လောက်ငှားအောင်မေမေတို့ကို ပို့ပေးနေရတာနဲ့ မစုဖြစ်ဘူးလေ အပိုဝင်ငွေရတော့ စုပြိးအကြွေးတွေပေးရမှာပေါ့"

အရာရာတိုင်းအတွက် Where stories live. Discover now