အရာရာတိုင်းအတွက်

677 19 0
                                    

အပိုင်း - ၁၀

#အရာရာတိုင်းအတွက်

အဖြေလွှာ သွားပေးပြီး ပြန်လာရင်း ထိပ့်ထားကို
လှည့်ပတ်ပြီး လိုက်ရှာနေမိသည်။

ကျောင်းတံခါးမကြီးကို လှည့်ကြည့်လိုက်တော့ ထိပ့်ထားကိုမတွေ့ပဲ ဟေမာကိုတွေ့သည်။

ဘယ်လိုဖြစ်ပြီး ဒီကျောင်းထိလိုက်လာတာလဲ။

"ဟဲ့ သမီးဟေမာ"

"ရှင် ဆရာ"

မလှမ်းကမ်းမှာ ခေါ်တော့ အပြေးနှင့်အနားကို ရောက်လာသည်။

"ဘယ်လိုဖြစ်ပြီး ဒိထိတောင်လိုက်လာတာလဲ"

"‌ဆရာ ဒီနေ့နောက်ကျတာကိုး သမီးလိုက်လာတာပေါ့"

"အေး ဆရာတစ်ယောက်နဲ့ ကိစ္စတစ်ခုဆွေးနွေးနေတာနဲ့ နည်းနည်းကြာသွားတယ်။ "

"စက်ဘီးရော ဆရာ"

"ဟို့ဘက်မှာ ဒါနဲ့သမိးဒိမှာစောင့်နေတာကြာ ပြီးလား"

"နည်းနည်းကြာနေပြီး"

"နင့်တီချယ်ကိုတွေ့လား "

"မတွေ့ဘူးဆရာရဲ့"

"အော် အမ်ပါ ခဏနော် ဆရာစက်ဘီးယူမလို့"

"ဟုတ်ကဲ့"

ဆရာစက်ဘိးထုတ်နေတုန်း တီချယ် ဆရာ့ရှေ့က ပြတ်သွားသည်။

စက်ဘီးသော့ခပ်နေတော့ မာန်က ဂရုမစိုက်မိ။

တီချယ်လဲ ကားတစ်စီးကိုပဲ အာရုံစိုက်ပြိးလျှောက်လာတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်မိပေ။

ဟေမာက ထိပ့်ထားကို တွေ့သည်နှင့် အပြုံးကလေးဖြင့် လက်ရမ်းပြသည်။

ထိပ့်ထားမမြင်လိုက်ပါဘူး။

ကားပေါ်က လူတစ်ယောက်ကို ပြုံးပြ၍သာ ဆက်လျှောက်သွားသည်။

မာန်စက်ဘီး တွန်းလာပြီးဟေမာအနားရောက်လာတော့။

"ဟယ် ကောက်ညှင်းထုပ်ပဲဆရာ သမီးစားချင်တယ်"

ထိပ့်ထားကို မာန်တွေ့မှာဆိုး၍ လမ်းလွှဲခေါ်ကာ ကောက်ညှင်းထုပ်သည်နှင့် ဆုံမိသည်။

"တစ်ထုပ်ဘယ်လောက်လဲဒေါ်လေး"

"၂၀၀ပါ ဆရာ"

အရာရာတိုင်းအတွက် Where stories live. Discover now