အရာရာတိုင်းအတွက်

760 22 0
                                    

အပိုင်း - ၆

#အရာရာတိုင်းအတွက်

ထိပ်ထားလမ်းဘေးတွင် အဖြူအစိမ်းနှင့်။

ရုတ်တရက် ကားဖြူတစ်စီးက ရွံ့ရေကို တတ်ကြိတ်လိုက်သောကြောင့် ထိပ်ထား ညစ်ပတ်ကုန်သည်။

"‌ဟယ် ဒုက္ခပါပဲ ငါ့အင်ကျီတွေ ညစ်ပတ်ကုန်ပါပြိး"

လက်မောက်းပေါ် ပေနေသောရွံ့ကြောင့် ထိပ့်ထားညင်းညူမိသည်။

အင်ကျီအဖြူရောင်လဲ ကော်ဖိရောင်ပြောင်နေသောကြောင့် ကျောင်းသွားလို့မဖြစ်။

အိမ်ပြန်လဲရင် ကျောင်းနောက်ကျမှာ သေချာနေပါပြီး။

"ဘယ်လိုလုပ်ရပါ့မလဲ"

ရှေ့ကြည့်နောက်ကြည့်နှင့် ထိပ့်ထား ပြာယာခက်နေသည်။

ထိုချိန်ကားဖြူလေး ထိပ်ထားနားကို ရုတ်တရက်ပြန်ရောက်လာသည်။

ကားမှန်ကိုချပြီး တပ်ထားသောနေကာ မျက်မှန်ကို ချွတ်ကာ

"ဆရာမ sorryပါဗျာ ကျွန်တော်မတွေ့လိုက်လို့ပါဗျာ"

သူကပြောရင်ဆိုရင် ကားပေါ်ကဆင်းလာသည်။

ရှပ်အင်ကျီလက်ရှည်အဖြူနှင့် အနက်ရောင်ဘောင်ဘီဝတ်ထားသောသူသည် ခန့်ညာလွန်လှသည်။

ထိပ့်ထားဆွဲခြင်းကို ဆွဲယူပြိး

"ကျွန်တော်ပြန်ကူညိပါရစေ ဆရာမ"

ထိပ့်ထားဘာလုပ်ရမှန်မသိ အူကြောင်ကြောင်နှင့် သူကားပေါ်ပါလာသည်။

"ဆရာမဘယ်မှာနေတာလဲဗျာ "

"ရှင် ဟုတ်ကဲ့ ..........နေပါတယ်ရှင့်"

သူကားကို ထိပ့်ထားအဆောင်ရှေ့ထိမောင်းလာသည်။

ထိပ့်ထားက ဆွဲခြင်းယူဖို့လုပ်တော့ သူပြန်ဆွဲသည်။

"ဆရာမအဝတ်အစားသွားလဲလိုက်ပါ ကျွန်တော်ကျောင်းသွားပို့ပေးမယ်"

"ရပါတယ် အားနာစရာဖြစ်ပါအုံးမယ် ခုလိုလိုက်ပို့ပေးနဲ့တင် အားနာမိနေပြိး "

"မဟုတ်တာဆရာမရယ် ကျွန်တော်ကအားနာရမှာပါ ကျွန်တော်ကြောင့် ဆရာမကို ကျောင်းနောက်ကျမိတော့မလို့ပါ"

အရာရာတိုင်းအတွက် Where stories live. Discover now