အရာရာတိုင်းအတွက်

672 14 0
                                    

အပိုင်း - ၂၁

#အရာရာတိုင်းအတွက်

"ဆရာ သမီး Letter ရေးလာတယ် စစ်ပေးပါဉီး"

"ထားခဲ့ မြန်မာစာ တစ်မှတ်တန် (စ/ဆုံး) ပြန်နွေးခဏနေစစ်မယ်"

"ဟုတ်"

ဆိုဖာကို မှီထားရင် ခေါင်းလေးကို လက်မလေးနှင့် နှိပ့်နင်းနေသည်။

ဟေမာ စာကျက်နေရင်း မာန်ကို ခိုခိုကြည့်နေ
သည်။

≤အာ ခေါင်းတွေအရမ်းကိုက်‌တာ≥

မာန်ခေါင်းကို ခါယမ်းပြီး ခုံပေါ်တင်ထားသော ဟေ
မာစာအုပ်ကို ကောက်ကိုင်လိုက်သည်။

≤မူးနေတုန်းပဲ ≥

ကိုယ့်ခေါင်းကို ပြန်ရိုက်ပြီး။

≤ကဲဟာ မူးဉီး ကဲဟာ≥

ဟေမာ မာန်ကို မခို့တရိုးနှင့် ချောင်းချောင်းကြည့်သည်။

"မနေ့က သောက်ထားတာနည်းလို့လား ခေါင်းကိုက်နေမှာပေါ့"

ရေရွတ်နေရင်းနှင့်။

_________________________________

"၁၀နာရီပြန်လာခဲ့ ရူပပြန်လုပ်မယ်"

"ဟုတ်ကဲ့ ဆရာ မလိုက်တော့ဘူးလား ထမင်းသွားစားမယ်လေ"

"ဘွားမေကိုပြောလိုက် ကိစ္စလေးရှိလို့ မလာတော့ဘူးလို့"

"ဟုတ်ကဲ့ ဒါဆို ဟေမာပြန်ပြီးနော်"

"အမ်"

___________________________

"ဗိုက်ဆာတယ်"

"မြေး မြေးဆရာကော "

"ဆရာနေသိမ့်မကောင်းလို့ဘွားဘွား မလာနိုင်ဘူးတဲ့"

"ဟုတ်လား တော်တော်ဖြစ်နေလား ဘွားဘွား သွားကြည့်လိုက်ဉီးမယ်"

"သိမ့်မဖြစ်ပါဘူး ဘွားဘွားရဲ့ မြေးဗိုက်ဆာနေပြီး စားအောင်နော်"

ဘွားမေ လက်မောင်းကို ဖက်ထားရင် မီးဖိုခန်းထဲ ဆွဲခေါ်လာသည်။

"ကြီးပု ဘာချက်လဲ"

"ညည်းအကြိုက် ပုဇွန်ပါတော်"

"ဟာ ဆွဲပြီး "

စာပွဲပေါ်  အစုံတင်ထားသော ဟင်းတစ်ခုချင်းစီးကို ယူကြည့်သည်။

အရာရာတိုင်းအတွက် Where stories live. Discover now