အရာရာတိုက်းအတွက်

1K 19 2
                                    

#အပိုင်း - ၄၅

အရာရာတိုင်းအတွက်

"ကျွန်ုမတောက်းပန်ပါတယ်ရှင့် သားကိုကောင်းကောင်းမပြောခဲ့လို့ပါ"

"မဟုတ်တာဗျာ ကျွန်တော်ကသာ မှားတာပါ သားရဲ့ စိတ်ကိုမလေ့လာမိဘူး ပြီးတော့ သမီးလေးကို ချစ်လွန်းလို့ မှားခဲ့တာပါ"

"သားကို ဆုံးမလိုက်ပါ့မယ်"

"ပြီးပါပြီး သခင်ကြီး"

"ဒါဆို ခွင့်ပြုပါဉီး"

"ဟုတ်ကဲ့"

"လာသမီးလေး"

ဆိုဖာပေါ် တိတ်ဆိတ်စွာ ထိုင်နေသည့် ဟေမာအား လက်ဆွဲခေါ်သွားသည်။

ယောက်ခမက ဖုန်းဆက်ပြောသည်။

အိမ်မက်ဆိုးတွေ ခဏခဏမက်သည်တဲ့။

ငါမြေးလေးစိတ်ရော ချမ်းသားရဲ့လားတဲ့။

ရင်လေးနေလို့ သွားကြည့်ပါဉီးတဲ့။

သွားကြည့်ခဲ့ပါသည်။

မှန်တာပေါ့ သမီးလေးက မပျော်ဘူးဖြစ်နေတယ်

ဆိုဖာပေါ် မှောက်ပြီး ငိုနေတယ် အမေ
ရေ...

အားလုံးက ရပ်ကြည့်နေလျက်။

ဘယ်သူမှ မနှစ်သိမ့်ကြ။

ဒီလိုနေရာမှာ ကိုယ့်သမီးကို ဘယ်အဖေက ထားမှာလဲ။

အသဲတွေကွဲပါသည်။

ကိုယ့်ကြောင့် သမီးဒီလို ငိုဖူးတာလဲမဟုတ်။

သမက်ကိုတောင် စိတ်ဆိုးနေမိသည်။

ငါသိမ့်တန်ဖိုးထားတဲ့ သမီးကို ဒီကောင်က ဒီလိုထားရလား။

အလွှတ်ပေးမယ်မထင်နဲ့။

ဒီကောင်နဲ့ ပေးမပေါင်းချင်တော့၍ သမီးကို ခေါ်သွားသည်။

ဘာမှမမေးသလို ဘာမှလဲ မဆူရဲ့ပါ။

__________________________

ကိုယ့်ချစ်ရသူကို ဘာမှမမှားအောင် ထားချင်ကြတာ ချစ်သောသူရဲ့ စိတ်ဓာတ်ပဲမလား။

ဟေမာကို ဆရာချစ်‌တယ်။

ဒါပေမဲ့ ကိုယ့်ကိုကိုယ်ချစ်မှန်သိတာ နောက်ကျသွားပြီးလား။

အရာရာတိုင်းအတွက် Where stories live. Discover now