အရာရာတိုင်းအတွက်

653 18 0
                                    

အပိုင်း - ၁၉

#အရာရာတိုင်းအတွက်

"ဟုတ်ကဲ့"

"ဒီလိုပဲပေါ့ ချစ်ရတဲ့မြေးက မိဟေမာပဲရှိတာ သူ့အဖေဆို ချစ်မှချစ် သူ့သမီးလေးကို"

"ဒါပေါ့ တစ်ယောက်ပဲရှိတာကိုး"

"ဆရာမလေး ဆရာမလေး ဧည့်သည်ရောက်နေတယ်"

"ရှင်"

ဘွားမေနဲ့ စကားပြောနေတုန်း ကြီးပုအနားကနေ လာပြောသည်။

"ဘယ်သူလဲဟင် ကြီးပု"

"တေဇမော်လို့ ပြောပါတယ်"

"ရှင် ဟုတ်ကဲ့ ကျွန်ုမကို ခွင့်ပြုဉီးနော် စကားလေးသွားပြောမလို့"

"အိမ်ထဲ ခေါ်လိုက်လေ အေးဆေးစကားပြောကြပေါ့"

"ရပါတယ် ပန်းခြံမှာပဲ ပြောလိုက်မယ်"

ထိပ့်ထား အိမ်ထဲကနေထွက်လာသည်။

ခြံထဲကို ကားရပ်ထားပြီး ပန်းအိုးပေါ် လှပစွာ ပွင့်နေသော ပန်းကို လက်ညိုလေးနှင့် တို့ထိနေ၍ ထိပ့်ထားကို စောင့်နေသည်။

"ကိုတေဇ ထိပ့်ထားဒီမှာ ရှိမှန် ဘယ်လိုသိတာလဲ"

"ဟေမာ ပြောပြတာ"

"ဟင် ဘယ်တုန်းက ပြောပြလိုက်တာလဲ"

စာမေးပွဲလဲ နီးသတဲ့နီးလာပြီးမို့ ဟေမာစာကြိုးစားနေသည်။

မာန်အိမ်နဲ့ သူ့အိမ်ကလွှဲလို့ ဘယ်နေရာမှ သွားတာမတွေ့မိ။

ဘယ်လိုပြောပြလိုက်တာလဲ စဉ်းစားရခက်သည်။

"ဟိုနေ့ကပါ စတိုးဆိုင်တစ်ခုမှာ ဆုံတာလေ ကိုယ်ထိပ့်ထားကို ဖုန်းဆက်မရဘူးဆိုတော့ ရန်ကုန်များ ပြန်သွားတာလားလို့ ကျောင်းဖွင့်နေတော့ မပြန်လောက်ဘူး ထင်ခဲ့တာ အဆောင်ကိုလဲမေးခဲ့သေးတယ်လေ လွန်းခဲ့တဲ့ နှစ်ရက်က ကလေးမလေးတစ်ယောက်နဲ့ ကိုယ့်အရွယ်ကောင်းလေးက ထိပ့်ထား ပစ္စည်းတွေလာယူသွားတယ်တဲ့"

"ဟုတ် ထိပ့်ထားလေ ထိပ့်ထား... ဟို... ဖုန်းက ပျက်နေတာ "

"ကျွန်တော်သိပါတယ် ဟေမာပြောပြီလို့"

"ရှင် ဟေမာက ဘာတွေပြောပြလိုက်တာလဲ"

"ရပ်နေတာ ညောင်းတယ် ဟိုထိုင်ခုံမှာ ထိုင်ပြောကြအောင်လေ"

အရာရာတိုင်းအတွက် Onde histórias criam vida. Descubra agora