အရာရာတိုင်းအတွက်

669 18 0
                                    

အပိုင်း - ၁၈

#အရာရာတိုင်းအတွက်

"ဆရာ ဆရာ"

ပါးကွပ်ကျားလေးနှင့် ကုပ်ဝဲဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးထားပြီး ကလစ်သေးသေးလေးနှင့် ဘေးတစ်ဖက်စီကို ညှပ်ထားသည်။

ကျောပိုအိမ့်လေးကို လွယ်ပြီး သုံးထစ်သာရှိသော လှေကားပေါ်တတ်ပြီး ဟေမာ မာန်ကိုအော်ခေါ်နေသည်။

ထွက်ကြည့်လာသူက တီချယ်။

"ဟမ် တီချယ်ရောက်နေတာလား"

"အေးသမီးရဲ့ ကျုရှင်လာတာလား"

"ဟုတ်"

ဧည့်ခန်းက ဆိုဖာပေါ်တူတူထိုင်သည်။

ဟေမာ ဟိုကြည့်ဒီကြည့်လုပ်နေသည်။

"တီချယ် ဆရာရော"

"အပြင်ခဏထွက်သွားတယ် မုန့်သွားဝယ်မို့ထင်တယ်"

"သြော် ဟုတ်ကဲ့"

ဟေမာ စာအုပ်တွေကို နေရာတကျထုတ်လိုက်သည်။

ထိပ့်ထားက ဟေမာစာအုပ်တွေကို ကိုင်ပြီး တစ်ရွက်ပြီးတစ်ရွက်လှမ်ကြည့်သည်။

ဟေမာ လာကတဲက တီချယ် ယောက်ကျားအင်္ကျီဝတ်ထားတာကို သတိထားမိသည်။

ဆရာအင်္ကျီနဲ့တူသည်။

ညနေက ထိပ့်ထားရေချိုးလိုက်သည်။

ဝတ်စရာမရှိတာနဲ့ မာန်အင်္ကျီကို ထဘီနဲ့ တွဲဝတ်ရသည်။

အဲ့လိုတွေတွဲမဝတ်ဖူးတော့ တစ်မျိုးတော့ ခံစားရသည်။

"တီချယ်လာလည်တာလား"

"ဟမ်"

ထိပ့်ထား ပြာယာခက်သွားသည်။ ဘယ်လိုပြောရမလဲမသိ။

ယောက်ျားလေးနှင့်မိန်းကလေး အိမ်တစ်အိမ်မှာ အတူတူအိမ့်မယ်လို့ပြောလိုက်ရင် ဟေမာအနေနဲ့ တစ်မျိုးထင်သွားမှာ ဆိုးသည်။

ကိုတေဇနဲ့လဲ ဟေမာရင်းနှီးတာမို့ ကိုတေဇကို ပြောပြလိုက်ရင် ထိပ့်ထားကို အထင်သေးသွားမှာလဲ စိုးရိမ်သည်။

တွေးနေရင်း မျက်လုံးပြာချင်လာသည်။

"တီချယ်"

အရာရာတိုင်းအတွက် Where stories live. Discover now