အရာရာတိုင်းအတွက်

1.6K 36 0
                                    

အပိုင်း-၂

#အရာရာတိုင်းအတွက်

မိဘများအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးညဖြစ်သလို ကျောင်းသားများအတွက်လဲ ရင်ခုန်စရာကောင်းဆုံးညဖြစ်သည်။

ဉိးဝင်းမာန်သည် ဧည့်ခန်းထဲတွင်ထိုင်လိုက်ထလိုက်နှင့် စိတ်လှုပ်ရှားနေသည်။

ဒေါ်မေစိန် က သားအရေးတရားထိုင်မှတ်နေသည်။

"ကလင် ကလင်"

"ဟဲလို"

"................."

"ဟုတ်ပါတယ် ဉိးဝင်းမာန်အိမ်ကပါ"

ဉိးဝင်းမာန်က စိတ်လှုပ်ရှာမှုနဲ့အတူ ပြန်ဖြေကြားသည်။

"..............."

"ဗျာ သားဂုဏ်..ဂုဏ်ထူးပါတယ်"

".........."

"ဗျာ ဝမ်းသာလိုက်တာ "

".........."

"ကျေးဇူတင်ပါတယ်ဆရာမရယ်"

"..............."

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့"

ဉီးဝင်းမာန်ဖုန်းချလိုက်ကာ ဆိုဖာနားမှာ ရင်ခုန်မှုနဲ့အတူ ရပ်နေသော ဒေါ်မေစိန်ကို ဝမ်းသာအားရစွာနှင့်လက်ကိုင်ပြိး။

"မင်းသား ငါးဘာသာဂုဏ်ထူးနဲ့အောင်တယ်ကွ"

"ဟယ် သားကိုသွားပြောရအောင်"

ဝမ်းသားမှုနှင့်အတူ သားရှိတဲ့အခန်းကို တတ်လာခဲ့ကြသည်။

သားများ အိမ့်ယာထဲမှာ ဘယ်လောက်များစိတ်ပူမလဲဆိုပြီး အပြေးနှင့်လာခဲ့ကြသည်။

အခန်းတံခါးခေါက်ဖို့ပြင်တော့ သားအသံကြားလိုက်သည်။

"ဟေ့ကောင် ထိပ်..ထိပ်ထားအောင်တယ်မလား"

ဒေါ်မေစိန် တံခါးခေါက်ဖို့ပြင်ရင်း နေရာမှာရပ်တန့်သွားသည်။

မိဘနှစ်ပါးလုံး တံခါးနားမှာ သားပြောစကားကို ရပ်ပြိးနားထောင်နေသည်။

"ငါမသိချင်ဘူးကွာ ထိပ်ထားအကြောင်းပဲသိချင်တယ်"

"................"

"သူငိုနေတယ်"

"..........."

"ရိုးရိုးပဲအောင်အောင်ဆန်းဆန်းပဲအောင်အောင်ဘာဖြစ်လဲကွာ ငိုစရာလားဟ"

အရာရာတိုင်းအတွက် Where stories live. Discover now