အရာရာတိုင်းအတွက်

664 25 0
                                    

အပိုင်း - ၁၆

#အရာရာတိုင်းအတွက်

"ဆရာလေးစားနော် အားမနာနဲ့"

"ဟုတ်ကဲ့"

"အင့် ကြက်သားဆီပြန် ဒါကပုဇွန်ကြော် များများစားနော်"

"သမီးဟေမာ ညည်းဆရာပန်းကန်က ဟင်းပြည့်နေပြီး ညည်းပဲထည့်စားပါတော့လား"

"ကြီးပုကလဲ ဟေမာက ဆရာ့ကိုစားစေချင်လို့ပါ"

မာန်က အားနာလို့ ဘာမှမပြော။

ထည့်နေတာကို မကြိုက်လဲ ကြိုတ်မှိတ်နေခဲ့သည်။

သူ့ထမင်းပန်းကန်ထဲကို ဘယ်သူ့မှဟင်းထည့်တာမကြိုက် မာမီထည့်ပေးတာတောင် မကြိုက်တဲ့မာန်။

"အော်စားနေကြပြီးလား"

"ဟုတ်ကဲ့"

"ဆရာလေးက ထမင်းစားရတာအဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ပြေပါတယ် ခင်ဗျား"

"အေး အေး ညနေကျရင်လဲလာစားနော် ထမင်းဆိုင်မှာ သွားမစားပါနဲ့ ဟိုကသန့်ချင်မှသန့်မှာလေ အိမ်ထမင်းကအဆင်ပြေတယ် ဘွားတို့အိမ်ကို ဆရာ့အိမ်လို့သဘောထားပါ"

"ဟုတ်ကဲ့"

"ထည့်စားနော် အားမနာနဲ့ ဘွားဘွားက ဆရာလေးကို ကိုယ့်မြေးလိုပဲ သဘောထားပါတယ် ဆရာလဲ ဘွားဘွားကို ကိုယ့်အဘွားလိုသဘောထားပေး ကြားလား"

"ဟုတ်ကဲ့ပါဘွားဘွား"

"စား လိုအပ်တာရှိရင် ပုတိုကိုပြောလိုက် လုပ်ပေးလိမ့်မယ် "

"ဟေမာကိုလဲ ခိုင်းလို့ရပါတယ်"

≤နေရာတကာကို ပါတာ≥

ပြောချင်နေပေမဲ့ ဘွားဘွားရဲ့အချစ်တော်မို့ ပြောမကောင်း။

မာန်ပြုံးသာပြုံးခဲ့သည်။

___________________________

"ဟေမာ"

"ရှင် ဆရာ"

စာရေးနေရင်း ဟေမာခေါင်းမော့လာသည်။

မာန်က အပေါ်ထပ် အင်္ကျီကို ဝတ်ပြီးပြောနေသည်။

"ငါရန်ကုန်ပြန်မလို့  စာလုပ်ပြီးရင်ပြန် ညနေ ၄နာရီကျရင် ပြန်လာခဲ့ သချာႅတွက်ထား ငါ၄ခွဲလောက်ပြန်လညဖြစ်မယ် Chapter ( 5)ကို တွက်ထား"

အရာရာတိုင်းအတွက် Where stories live. Discover now