အရာရာတိုင်းအတွက်

818 16 0
                                    

#အပိုင်း - ၄၁

အရာရာတိုင်းအတွက်

ဟေမာ ဘာဖြစ်နေလဲ ကိုယ်ကိုယ်တိုင်လည် မသိပါ။

လောလောဆယ် ဆရာနှင့် မျက်နှာချင်းမဆိုင်ချင်တာ အမှန်ပင်။

ဆရာလည် ဘာတွေးနေမှန်မသိ ဟေမာကို ခဏခဏမေးပြီး ခေါ်နေသည်။

ရှောင်နေရင် ထိပ့်တိုက်တွေ့သည်။

ယောင်လည်လည်နှင့် ပြေးထွက်ခဲ့တာ အကြိမ်ပေါင်းမနည်းပေ။

ကျောင်းလည် ဆရာနှင့်အတူမသွားချင်တော့ ဆရာနှင့် ဆုံမှ စိုး၍ ကျောင်းစောစောသွားဖြစ်သည်။

ဒီနေ့က ကျောင်းပိတ်ရက်မို့ အိမ်မှာ အေးဆေးနေမယ် တွေးထားပေမဲ့ ဆရာလည် ဒီနေ့ ရုံမသွားပါ။

အပြင်မှာ ခြင်းတော်တော်ကိုက်နေပြီး။

ည ၁၀နာရီတောင် ထိုးနေပြီး။

ခုချိန် ဆရာအိမ့်နေလောက်ပါပြီး။

ပတ်ဝန်းကျင်လည် တိတ်ဆိတ်နေသည်။

ခြံထဲ ယောင်လည်လည် နေ,နေတာ ကြာပြီးက တစ်ကြောင်း၊

ခြင်းလည် တော်တော်ကိုက်နေတာက တစ်ကြောင်း၊

ဟေမာ တံခါးကို ဖြည်းဖြည်းလေး ဖွင့်ပြီး ဝင်လာသည်။

"အမလေး.... အမေ့..."

အသံက သိမ့်မကျယ်ပေမဲ့ တိတ်ဆိတ်နေပြီးမို့ ဟိန်းထွက်နေသည်။

လန့်မှာပေါ့။

tv ကို အသံပိတ်ပြီး အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ကြည့်နေတာကိုး။

ဟေမာအသက်ကို ပြင်းပြင်းလေး ရှုပြီး ဆိုဖာကို ဖျက်ကျော်လာသည်။

"လာဉီး...."

"‌ရှင်"

≤ရှောင်နေပါတယ်ဆိုမှ ထိပ့်တိုက်ကြီး ငါ့ကိုခေါ်နေပြီး။

ကယ်ပါဉီး ဗုဒေါ......

ဘုရား.......ဘုရား≥

မာန်က မပြုံးမရယ်နှင့်။

ဟေမာကိုလည်  မကြည့် tvရှေ့က ခေါင်းကိုမလည့်ပါ။

ခေါင်းကသာမလှည့်တာပါ။

အရာရာတိုင်းအတွက် Where stories live. Discover now