အရာရာတိုင်းအတွက်

689 20 0
                                    

အပိုင်း - ၃၃

#အရာရာတိုင်းအတွက်

တေဇပိုင်းဆိုင်သည့် ဟိုတယ် မှာ ညအိမ့်လျက်။

ခုတင်ပေါ်  ထိပ့်ထားက ထိုင်နေသည်။

တေဇက အနောက်ကနေ သိုင်းဖက်ရင်း နေထွက်ချိန် ရောင်ခြည်ဖျားနေမှုကို မှန်နရံကနေ ကြည့်နေကြလျက်။

"ထိပ့်ထား..."

"ပြောလေ ကို"

"ကိုယ်တို့ ဘယ်တော့လက်ထပ်ကြမလဲဟင်"

"သိဘူးလေ ကိုယ်ဆုံးဖြတ်ရမဲ့ သဘောပဲလေ ထိပ့်ထားက ညင်းစရာမှ မရှိတော့ပဲ"

တေဇ ထိပ့်ထားလက်လေးကို ကိုင်ရင်း သူ့စွပ်ပေးထားသော လက်စွပ်လေးကို ပြုံးပြုံးကြီး ကြည့်နေသည်။

"ကိုယ်တော့ အမြန်ဆုံးလက်ထပ်ချင်ပြီး"

"ကိုကလည် စောင့်ပါဉီးလား ထိပ့်ထား ကိုယ့်မိဘတွေနဲ့ တွေ့ဖို့ မဝန့်မရဲဖြစ်နေသေးတယ်"

"ဘာမဝန့်မရဲ ဖြစ်နေတာလဲ ထိပ့်ထားရဲ့ ကိုယ်အိမ်ဝယ်ပေးလိုက်ပြီးလေ  ထိပ့်ထားမိဘလည် ချမ်းချမ်းသာသာနေနေတာပဲ ကိုယ့်မာမီ မသိလောက်ပါဘူး"

"အဲ့တာတာ့ ဟုတ်ပါပြီး။  ကျောင်းက ဖွင့်တော့မှာလေ ထိပ့်ထားပြင်ဆင်စရာတွေ ရှိသေးတယ် နောက်မှ ကိုယ့်မာမီနဲ့ အေးဆေးတွေ့မယ်လေ oki တယ်မလား"

"အိုကေပါတယ် ဒါနဲ့ထိပ့်ထားက ကျောင်းဆရာမ ဆက်လုပ်မှာလား "

"လုပ်ရမှာပေါ့ ကိုယ်တတ်တဲ့ပညာလေးနဲ့ အိမ်ကို ထောက်ပံ့ရမယ်လေ"

"ထိပ့်ထားထောက်ပံ့စရာမှမလိုတာ ကိုယ်စတိုးဆိုင် ကြီးကြီးဝယ်ထားတာပဲ အရင်းအနှီးလည် ထုတ်စရာမလိုဘူး ကိုယ်ဝယ်ထည့်ပေးထားတာတွေချည်ပဲ ဟိုဝေးကြီကို မသွားပါနဲ့တော့ ကိုယ်လွမ်းလို့သေလိမ့်မယ်"

"ကိုယ်ရယ် ဟိုတယ်ရှိတာပဲ ဟိုတယ်မှာနေပေါ့"

"ဧည့်သည်အတွက်လေ အရင်က ထိပ့်ထားကို ဆွဲလမ်းလို့ ခဏခဏ သွားနေခဲ့တာ ခုထိပ့်ထားကိုယ်အနားကို ရောက်နေပြီးလေ ကိုယ်ဘယ်လိုလုပ် ပြန်လွှတ်ပေးနိုင်မှာလဲ"

အရာရာတိုင်းအတွက် Where stories live. Discover now