အရာရာတိုင်းအတွက်

765 20 0
                                    

အပိုင်း - ၇

#အရာရာတိုင်းအတွက်

"ဆရာ"

"ပြောလေ သမီး"

မာန်က စက်ဘီးနင်းသည်။ဟေမာက နောက်ကတတ်ပြီး ကျောင်းကနေတူတူပြန်လာသည်။

"မနက်ဖြန်ကျောင်းမသွားရတော့ဘူးလေ အဲ့တာ ဒိညနေလေ သမိးကို ကမ်းနားမှာ မုန့်သွားကျွေးပါလား"

"သမိးရယ် စာမေးပွဲဖြေပြိးမှ သွားစားမယ်လေ အဲ့ချိန်မှ ဆရာလိုက်မယ်"

"ဘာလဲ ဆရာက သမိးကိုမကျွေးချင်လို့လား"

"မဟုတ်ပါဘူး စာမေးပွဲကနိးနေပြိးလေ သူများတွေက ခုချိန်စာကုန်းကျက်နေတာ သမိးကမုန့်သွားစားမယ်ဆို သိမ့်အရေးမပါသလို့ပဲလေ"

"တော်ပြီး ဆရာကိုမခေါ်ဘူး မကျွေးချင်လဲနေ ဟေမာတို့က သွားမယ်ဆိုသွားမှာပဲ "

"ဆရာမကျွေးချင်လို့မဟုတ်ဘူး မဟုတ်တာတွေမပေးလုပ်စေချင်တာ"

"မရဘူး သွားမှာပဲ ဆရာမလိုက်လဲနေ ကိုယ့်ဖာသာကိုယ့်သွားမယ်"

ဟေမာနှုတ်ခမ်းဆူလာပြီး အနောက်ဘက်ကိုမျက်နှာလှည့်လိုက်သည်။

မာန်က စက်ဘီးနင်းနေတာမို့ လှည့်ကြည့်မဖြစ်ပါဘူး။

အနောက်မှာ ကောက်ချင်တိုင်းကောက်နေတာပါ။

______________________________

မာန် မာမီနဲ့  အိမ်ရှေ့မျက်နှာသာမှာ ရပ်ပြီးဖုန်းပြောနေသည်။

စက်ဘီးထုတ်ပြီး အိမ်ရှေ့လမ်းမပေါ်တွန်းလာသောဟေမာ။

'ဒီကလေး တကယ်သွားမှာပဲ တော်တော်ဆိုးတဲ့ကလေး´

"ဗျား မာမီ"

"................."

"ဘာမှဟုတ်ဘူး မာမီး ကျွန်တော်ကိစ္စလေးပေါ်လာလို့ ဖုန်းအရင်ချမယ်နော်မာမိး"

"................."

"Love you so much မာမီ"

ဖုန်းကို ဘောင်းဘီအိမ့်ကပ်ထဲထည့်ပြိး ခြံပြင်ကိုပြေးထွက်လာသည်။

"ဟေမာ သမီး"

စက်ဘီးတတ်စီးဖိုလုပ်နေတုန်း ဆရာခေါ်သံကြောင့်ဟေမာ လှည့်ကြည့်သည်။

အရာရာတိုင်းအတွက် Où les histoires vivent. Découvrez maintenant