အရာရာတိုင်းအတွက်

655 21 1
                                    

အပိုင်း - ၂၉

#အရာရာတိုင်းအတွက်

"သမီးလေ "

အပြင်က ပြန်လာသည့် ဟေမာကို ဉီးထိန်က ဆိုဖာပေါ်ထိုင့်စောင့်နေရင်း ခေါ်လိုက်သည်။

"ဟုတ်ကဲ့ဖေကြီး"

ဟေမာက ဉီးထိန်အနားကို ရောက်လာပြီး

"ဘာပြောမို့လဲ ဖေကြီး"

"ဖေကြီးနောက်လိုက်ခဲ့"

ဉီးထိန် ထရပ်လိုက်ပြီး အရှေ့က ဉီးဆောင်းက ထွက်သွားသည်။

ဟေမာက အနောက်ကလိုက်လာသည်။

ဉီးထိန်အလုပ်ခန်းထဲရောက်တော့ တံခါးပိတ်လိုက်သည်။

သူထိုင်နေကြခုံပေါ် ထိုင်လိုက်ပြီး။

"ထိုင်ပါဉီး သမီး"

"ဟုတ်ကဲ့"

ဟေမာ ခုံကို ဆွဲယူပြီး ထိုင်လိုက်သည်။

"သမီးနာရီကို တစ်ချပ်ကြည့် ဘယ်နှနာရီထိုးသွားပြီးလဲ"

"၄နာရီခွဲပါ ဖေကြီး"

ဖေကြီး မျက်နှာတည်တည်နှင့်မေးနေတာကြောင့် ဟေမာရင်တုန်မိသည်။

ဖေကြီး ဟေမာကို တစ်ခါမှ မဆူဖူးသေး။

ခုဆူရင် အတော်ကို ဒေါသထွက်နေတာ ဖြစ်နေလိမ့်မည််။

"သမီးမနက် ၈နာရီထွက်သွားတယ်ဟုတ်"

"ဟုတ်ကဲ့"

"ညနေ ၄ နာရီခွဲမှာ ရောက်တယ်နော်"

"ဟုတ်ကဲ့ "

"သမီးဒီလို လုပ်နေတာ ၁ ပတ်လောက်ရှိနေပြီးနော်"

"ဟုတ်ကဲ့"

"သမီး ဘယ်တွေသွားတာလဲ ဖေကြီးကို ပြောစမ်း"

ဉီးထိန်က ဟေမာကို လေသံ ပျော့ပျော့လေးသာပြောသည်။

ဟေမာ ဘယ်သွားဘယ်လာ ဘာလုပ်တယ်က အစ ဉီးထိန်သိသည်။

မေးကြည့်ချင်ယုံသာ ဖြစ်သည်။

"သမီး ဆေးရုံသွားပါတယ် ဖေကြီး"

"ဘာသွားလုပ်တာလဲ"

ရင်တွေတုန်လွန်းလို့ ဟေမာမျက်ရည်တွေဝဲတတ်လာသည်။

"မငိုနဲ့လေ သမီး ဖေကြီးက မေးကြည့်တာပါ ဖေကြီးမဆူပါဘူး သမီးမကြိုက်ဘူးဆိုလဲ ဖေကြီးမမေးပါဘူး"

အရာရာတိုင်းအတွက် Where stories live. Discover now