အရာရာတိုင်းအတွက်

680 19 0
                                    

အပိုင်း - ၁၄

#အရာရာတိုင်းအတွက်

ဖေကြီးနဲ့ဘွားဘွားက ဟေမာကျောင်းပြန်တတ်ဖို့ကိစ္စ စီစဉ်နေကြသည်။

ဟေမာ ဆိုဖာကို မှီနေရင်း အေးဆေးစွာ နာထောင်းနေသည်။

အားလုံးက ဟေမာရဲ့သဘောထားကို သိချင်ကြသည်။

ဖေကြီးက ကျောင်းပြန်တတ်စေချင်သည်။

ဘွားဘွားက ဟေမာသဘောတိုင်းပဲ လုပ်စေချင်သည်။

"သမီးလေ ဖေကြီးကိုကြည့်ပါဉီး ငေးမနေနဲ့လေ ပြီးတာက ပြီးပါပြီး ပြန်ကြိိိုးစားသမီး နော် ဖေကြီးသမီးနားမှာ အမြဲရှိတယ်"

ဆက်ငင်ဆက်ငင်နဲ့ ဟေမာဘာမှ ပြန်မပြော။

"မြေး မဆိုးနဲ့လေ စကားလေးဘာလေးပြန်ပြောပါဉီး"

"သမီး ဖေကြီးနဲ့ ရန်ကုန်ပြန်လိုက်ခဲ့မလား အိမ်မှာ Gide လုပ်ပေးမယ်"

"ဘွားစီမှာပဲ နေမလား ကျောင်းတတ်မလား ဘွားမြေးလေး"

ညာဘက်က ဘွားဘွားက ဟေမာကျောကို ပွတ်သပ်ပေးရင်ချော့ပြောသည်။

ဖေကြီးက ယာဘက်မှာ ဟေမာ‌ဆံပင်လေးတွေကို ပွပွလေးကိုင်ပြီးချော့ပြောသည်။

ဒူးနှစ်ဖက်ကို ထောင်ပြီးလက်ကလေးနဲ့ဖက်ကာ ဒူးခေါင်းပေါ်မေးတင်ပြီး ဟေမာမိုင်နေသည်။

"သမီး အဲ့လိုမနေနဲ့လေ ဖေကြီးတို့ကိုစကားပြောပါဉီး     သမီးအဲ့လိုနေရင် ဖေကြီးစိတ်မချမ်းသာဘူး လိမ္မာပါသမီးရယ်"

ဟေမာတို့ လှုပ်တောင်မလှုပ်ပေး။

နာသံတစ်ရူရူနှင့် အဲ့တိုင်းနေ,နေသည်။

"သူဌေးဟေမာဧည့်သည် လာတယ်"

ကြီးပုက ခေါင်းလေးငုတ်ပြီးလာပြောသည်။

"ဘယ်သူလဲ"

"ဟေမာဆရာလို့ ပြောပါတယ်သူဌေး"

ဟေမာချက်ချင်းခေါင်းထောင်လာသည်။

"ဆရာ ဘယ်မှာလဲကြီးပု"

ချက်ချင်းကို ထိုင်တဲ့နေရာကနေထရပ်လာသည်။

ဉီးထိန်အောင်နဲ့ ဘွားမေက အံ့သြမှုနှင့် ဟေမာကိုကြည့်နေသည်။

အရာရာတိုင်းအတွက် Where stories live. Discover now