Chapter - 13

12.2K 2K 130
                                    

Unicode

ဖုလောင်ရှီးကို ကွန်ပလိန်းတက်ခြင်း
_________________________________

ဂျန်ရှင်းဆွေ့ ရှန်ရှင်းချန်စကားကိုကြားတော့ သရဲပုံပြင်ကြားလိုက်ရသလိုဖြစ်သွားတယ်။ သူကခပ်မြန်မြန်ပဲပြန်ပြီးချေပလေတယ် "တိုက်ဆိုင်သွားတာပဲနေမှာပါ"

ရှန်ရှင်းချန်က "အဲ့တာဆို ဘာလို့မင်းဆီမှာပဲ အကုန်တိုက်ဆိုင်နေရတာလဲ?"

ဂျန်ရှင်းဆွေ့ရှင်းမပြတတ်ဘူး။ သူလည်းပဲတွန့်ဆုတ်နေတယ်။ သူ့စိတ်ရဲ့တစ်ဝက်က ရှန်ရှင်းချန်ပြောတဲ့ကိစ္စကြောင့်ပျော်ရွှင်နေတယ်။ ဒါပေမဲ့ တခြားတစ်ဖက်ကလည်း ဒါကမဖြစ်နိုင်ဘူးလို့ ပြောနေပြန်တယ်။ ဇာတ်ကြောင်းက လိပ်ပြာတောင်ပံ ရိုက်ခတ်မှုကြောင့် သူသိတာနဲ့နည်းနည်းကွဲသွားပေမဲ့ မူလဇာတ်ကြောင်းနဲ့ အများကြီးကွဲသွားမှာတော့မဟုတ်ဘူး။

သူကအမြောက်စာခံလေးသက်သက်ပဲ။ သူ့အရင်ဘဝမှာ သူ့ကိုယ်သူသေချာနားမလည်တာကြောင့် ဆိုးဝါးစွာသေခဲ့ရတယ်။ အဲ့ဒီ့သေခြင်းက သူ့ကိုဦးနှောက်တော့ ပိုရှိလာစေတယ်။ သူမပိုင်ဆိုင်နိုင်တဲ့အရာကို စိတ်ကူးယဉ်နေတာလိုမျိုးကို ထပ်ပြီးလုပ်တော့မှာမဟုတ်ဘူး။

"ဖြစ်နိုင်တာက ကျွန်တော့်ထက်ဆင်းရဲတဲ့သူ မတွေ့ဖူးလို့နေမှာပေါ့" ဂျန်ရှင်းဆွေ့ကကိုယ့်ပါကိုယ်ရယ်ပြီးတော့ပြောတယ် "အဲ့တာကြောင့် ပိုပြီးကြည့်တာနေမှာပါ"

ရှန်ရှင်းချန်ကရယ်ကာ "မင်းရဲ့ကိုယ်ကိုယ်ကိုမကောင်းပြောတဲ့သူကတော့လေ"

ဖုကျင်းရှောင်းကဘယ်သူလဲ? သူကကမ္ဘာကိုနှစ်ပေါင်းများစွာပတ်နေတဲ့သူလေ။ သူမတွေ့ဖူးတဲ့ကိစ္စဆိုတာ ဘယ်လိုလုပ်ရှိမှာလဲ? ယွမ်၂သောင်းကြောင့်တည်းနဲ့ အဲ့ဒီမြေခွေးအိုကြီးက  တခြားသူတစ်ယောက်လိုလူတစ်ယောက်ကို ဆက်ဆံဖို့ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဒါပေမဲ့ဒီကိစ္စက သူ့ကိုတစ်ခုခုကိုသတိပေးနေတယ်။ ရှန်ရှင်းချန်က ဂျန်ရှင်းဆွေ့ကို ခေါင်းစခြေဆုံးကြည့်နေပြီး တုံးဆိုင်းစွာနဲ့ပြောတယ် "အမှန်တိုင်းပြောရရင်တော့ မင်းဆီမှာထူးခြားတာ ဘာမှလည်းမတွေ့ပါဘူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now