Chapter - 15

17.6K 2.6K 123
                                    

Unicode

အစကနေပြန်ပြီးသတ်မှတ်လိုက်တဲ့ရလဒ်
­­­_________________________

ဂျန်ရှင်းဆွေ့သက်ပြင်းချလိုက်ပြီးတော့ မတ်တပ်ရပ်ကာ ကင်မရာနဲ့လူတွေအားလုံးကို မျက်နှာချင်းဆိုင်လိုက်တယ် "ကျွန်တော်စိန်ခေါ်မှုကို လက်ခံပါတယ်"

နေရာတစ်ခုလုံးတိတ်ဆိတ်သွားပြီး ခဏနေတော့ချီးမွမ်းသံတွေနဲ့ ပြည့်နှက်သွားတယ်။ တချို့သူတွေ ရယ်စရာကြည့်နေသလိုမျိုးကြည့်ပြီး အတင်းပြောနေကြတဲ့အချိန်မှာ တစ်ချို့သူတွေက မတ်တပ်ရပ်ပြီး အားပေးကြတယ်။

လီလောင်ရှီးကသူ့ကိုမေးတယ် "မင်းသေချာလား?"

ဂျန်ရှင်းဆွေ့ခေါင်းငြိမ့်ပြလိုက်တယ်။

ကျိုးရွှင်ကထေ့ငေါ့တဲ့အပြုံးပြုံးပြလာကာ "မင်းတကယ်လက်ခံမှာလား?"

ဂျန်ရှင်းဆွေ့ကဒီတစ်ခေါက် တွေဝေခြင်းမရှိပဲ ချက်ချင်းဖြေလာတယ် "ငါလက်ခံတယ်"

ဂျန်ရှင်းဆွေ့လက်ခံလိုက်တာကို မြင်လိုက်တော့ နည်းပြတွေတော်တော်များများက သူပထမဆုံးဖျော်ဖြေတုန်းကနဲ့ မတူတဲ့အမြင်တွေရလာတော့တယ်။ အခုသူ့ကိုကြည့်ရတာ ပိုပြီးအားပြည့်လာကာ ပိုပြီးယုံကြည်မှုရှိလာတယ်လို့ ခံစားရတယ်။

ထူရာကအံ့သြစွာနဲ့ လက်ခုပ်ထတီးတယ်။

ဖုကျင်းရှောင်းက နှုတ်ခမ်းတွေကိုတွန့််ကွေးလိုက်ပြီးတော့ အသိအမှတ်ပြုတဲ့အရိပ်အယောင်တွေ မျက်လုံးထဲမှာထင်ဟပ်နေတယ်။

သူကစိန်ခေါ်တဲ့သူဖြစ်တာကြောင့် ကျိုးရွှင်ကစပြီးသီဆိုတော့တယ်။ 'You Can't Stop Me' သီချင်းရဲ့rapက အတော်ခက်တဲ့ထဲပါတယ်။ ဒီသီချင်းကအရမ်းနာမည်ကြီးပြီးတော့ ပေါက်ကွဲလွယ်တယ်။ အစပိုင်းတေးသွားက အရမ်းမြင့်ပြီးတော့ ကျိုးရွှင်ရဲ့ကိုယ်ပိုင်အသံကလည်း အရိုင်းဆန်ဆန်ဘက်သွားတယ်။ အဲ့တာကြောင့် သူ့ရဲ့ပုံစံနဲ့ ဒီသီချင်းကလိုက်ဖက်ညီနေတယ်။

"You can't stop me (မူရင်းထဲမှာကိုက အင်္ဂလိပ်လိုပါ)"

"ငါကိုရပ်တန့်လို့မရနိုင်ဘူး"

"Better, run, away"

"သွားလိုက်တာအကောင်းဆုံးပဲ"

"When I enter, the, game"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now