၄၇

2.1K 378 1
                                    

အပိုင်း ၄၇

ဉာဏ်ရည်မြင့် စက်ရုပ်ကလည်း သူ့ကို ထိုအကြောင်းအရာနှင့်ပက်သတ်ပြီး ညွှန်ကြားထားသည်များ မရှိသဖြင့် မည်သို့မျှ မတုန့်ပြန်နိုင်ချေ။ထိုကြောင့် ခြေတံရှည်သော စစ်သားကိုသာ တစ်မိနစ်ခန့် စောင့်ပါဟု ပြောပြီး မီးဖိုခန်းအတွင်းသို့၀င်ကာ မေးလိုက်သည်။

တွေးတောပြီးနောက် ယွမ့်ထန်းကလည်း ထိုစစ်သား၏ တောင်းဆိုချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ သူတို့က စမ်းသပ်ဆဲ ကာလဖြစ်နေသေးသည်။ လူတစ်ထောင်ကိုပင် လုံလောက်အောင် မကြွေးနိုင်လျင် အသုံးကျတော့မည် မထင်ချေ။

ကံဆိုးသည်မှာ အခြားလူများကလည်း ထိုအခြေအနေကို မြင်သွားကြပြီး နောက်တစ်ဗန်း လာတောင်းကြသည်။ အချို့လူများဆိုလျင် တတိယအကြိမ်၊ စတုတၳအကွိမျအထိ လာတောင်းကြသည်။ ၀မ်ကျွင်းနှင့် ကျောက်ကွမ်းမင်တို့ဆိုလျင် အလွန် အလုပ်များနေကြပြီး တဖြေးဖြေး လျော့လျော့လာသည့် ဟင်းများကို ကြည့်ကာ ရယ်ရအခက်ဖြစ်ကုန်ကြသည်။ ထိုသို့ဖြင့် ကန်တင်းက လူတစ်ယောက်လျင် တစ်ကြိမ်သာ ထပ်မံ ယူခွင့်ရှိကြောင်း ကြေညာလိုက်ရသည်။

မည်သည့်နည်းနှင့်မဆို တိုင်းတာလျင်ပင် သူတို့၏ကန်တင်းက အောင်မြင်ခဲ့သည်။ အားလုံးက ကျေနပ်ကြပြီး ထိုလက်ရာများကို ချီးကျူးကြသည်။ ထို့အပြင် ကျောက်ကွမ်းမင်တို့ကိုလည်း ဆက်တိုက် ချီးမွမ်းလျက် ပိုမိုကောင်းမွန်သည့် လက်ရာများကို မျော်လင့်နေကြသည်။

ယွမ့်ထန်းက တစ်နေ့တာလုံးကို ခြုံငုံ့ကြည့်ပြီးနောက်တွင် အဆင့်မြင့်တင်ရန် နှစ်ချက် လိုအပ်နေကြောင်း သိလိုက်သည်။တစ်ချက်က ဟင်းလျာ အမျိုးအစားများဖြစ်သည်။ ဟင်းနှစ်ခွက်နှင့် ဟင်းချိုတစ်ခွက်က နည်းလွန်းသည်။ ဘူဖေးဟုခေါ်ကာ ရွေးချယ်စရာ မရှိသည်မှာ မဖြစ်သင့်ချေ။ ထို့အပြင် စစ်တပ်မှ ကန်တင်းအတွက် ချပေးထားသော ရန်ပုံငွေကလည်း လုံလောက်သည်။ သူတို့က တစ်နပ်အတွက် ဟင်းဆယ်မျိုး ချက်လျင်ပင် ပြဿနာ မရှိနိုင်ချေ။ သူတို့ ထိုဘက်ပိုင်းတွင် မြင့်တင်ရန် လိုအပ်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now