အပိုင်း(၁)

72.3K 2.7K 167
                                    

                      Unicode

ရွှေညာမောင်
.....ထန်းရည်ဆိုင် ။

" ဟိုခွေးကောင်....မင်းပါးစပ်အဲ့လောက်အားနေရင် ထန်းရည်မသောက်ပဲ ငါ့ီးကိုထိုးထည့်ထားလိုက်..!!"

"ဘာကွ....!ခွေးသူတောင်းစား.. မင်းမမိုက်ရိုင်းနဲ့ မင်းဇရှိရင် ထိုးမလား၊ီုးမလား.."

အချိန်ကားညနေ၂နာရီလောက်ဖြစ်သည်။ကတွယ်ကျေးရွာရှိထန်းတောထဲ အစပျိုးပြီဖြစ်တဲ့ရန်ပွဲ။
ပဒီးကုန်းရွာသားတွေပဲဖြစ်ကြတဲ့ သစ်မင်းမောင်နဲ့ ယမကာဂမုန်း။

သစ်မင်းမောင်နဲ့ သူငယ်ချင်း တိုးကြီး၊ပွကြီး နဲ့ ဆားရေစိမ် တို့ကတစ်ဖက်။
ယမကာဂမုန်း နဲ့သူ့ သူငယ်ချင်းတွေဖြစ်တဲ့ ပေဖူးလွှာ၊ မြရိုးနဲ့ ချိန်သီးတို့က တစ်ဖွဲ့။

အကြောင်းကားးးးး....။

ယမကာဂမုန်း တို့ဆေးရိုးပင်အောက် ထန်းရည်ဝိုင်းဖွဲ့သောက်နေတုန်း တစ်ဖက်ပိတောက်ပင်အောက်ရှိ စောက်ခွက်ဖျက်ရိုက်ပစ်ချင်စရာကောင်းတဲ့ သစ်မင်းမောင်က စပြီးရန်သီချင်းထဆို၏။

~~~ပန်းကြိုက်တဲ့ ကိုကိုရယ်...အရက်ဖိုးကုန်မှာလည်းကြောက်ပါတယ်...အရက်စော်နံမှာလည်းကြောက်ပါတယ်~~~

" ဟျောင့်... အေ့....သစ်မင်းမောင် မင်းဆိုတဲ့သီချင်းထဲကကိုကိုက ရိုးရိုးပန်းကြိုက်တာလား..ဒါမဟုတ်...ဂစ်...ရှယ်...ထူးရှယ်ပန်းကိုကြိုက်တာလား.."

သစ်မင်းမောင် သူငယ်ချင်း တိုးကြီးကမေးသည်။

" ထွီးးးးမသိပါဘူးကွာ...ရိုးရိုးပန်းဆိုရင်တော့အကြောင်းမဟုတ်ပေမယ့်....တခြားပန်းဆိုရင်တော့ ငါမပေးနိုင်ဘူး ယောကျာ်းချင်းချင်းရွံတယ်ကွ....အေ့...ဂစ်..!"

"ဟားးးးးးးးး!!!"

သူတို့ဝိုင်းကိုကြည့်ပြီး ခနဲ့သလိုလာပြောနေခြင်းကြောင့် ယမကာဂမုန်း စိတ်တိုသွားသည်။
သူတို့၄ယောက်ထဲမှာမှ သူ့ကိုစောင်းပြောနေသည်မှန်း မသိစိတ်ကအချက်ပေးနေသည်။
လူတွေကပါးစပ်ထဲ အရည်လေးဝင်နေပြီမို့ ပါးစပ်လည်းစည်းကမ်းမရှိစွာ ခရားရေလွှတ်ပြောနေကြသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now